Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Marvel က ၁၃ ပေအမြင့်ရှိတဲ့ Captain America ကြေးသွန်းရုပ်ထုကို Comic-Con တွင်ပွဲထုတ်ပြသမည်

Marvel က ၁၃ ပေအမြင့်ရှိတဲ့ Captain America ကြေးသွန်းရုပ်ထုကို Comic-Con တွင်ပွဲထုတ်ပြသမည်

| No comment

Captain America အိမ်ပြန်လာပါပြီ။

မျိုးချစ်စိတ်ဓာတ်ထက်သန်တဲ့ စူပါဟီးရိုးနှင့် လက်ရှိရုပ်ပြစာအုပ်ထဲမှာတော့ Hydra agent ဖြစ်နေတဲ့ ဇာတ်ကောင်ရဲ့ ၇၅ ကြိမ်မြောက်နှစ်ပတ်လည်ကို ကျင်းပဖို့အတွက် Marvel Entertainment နှင့် Disney တို့က ၁၃ ပေအမြင့်ရှိသည့် Captain America ကြေးသွန်းရုပ်ထုကို ဒီနှစ် San Diego Comic-Con တွင်ပွဲထုတ်ပြသမည်ဖြစ်ပြီး နောက်ဆုံးခရီးပန်းတိုင်ဖြစ်တဲ့ Brooklyn’s Prospect Park မှာမထားခင် နိုင်ငံတစ်ဝှမ်းကို လှည့်လည်ပြသမှာဖြစ်ပါတယ်။

ဒီရုပ်ထုက သူ့ရဲ့ဒိုင်းကိုမြှောက်ကိုင်ထားတဲ့ပုံဖြစ်ပြီး Marvel Studio ရဲ့ Captain America: The First Avenger ဇာတ်ကားထဲမှာ Chris Evans ရဲ့ ဇာတ်ကောင်ပြောခဲ့တဲ့ “I’m Just a kid from Brooklyn” ဆိုတဲ့စာသားကို ထွင်းထားမှာဖြစ်ပါတယ်။

Disney Consumer Products and Interactive Media မှာ Marvel အတွက် senior vice president ဖြစ်တဲ့ Paul Gitter က ဒီရုပ်ထုက ပရိသတ်တွေကို “အကြိုက်ဆုံး ရုပ်ပြစာအုပ်၊ တန်ဖိုးအထားရဆုံး အရုပ်ကို ပြန်တွေးမိအောင် ဒါမှမဟုတ် ဘဝမှာ Captain America ရဲ့ တန်ဖိုးကဩဇာလွှမ်းမိုးခဲ့တဲ့ ထူးခြားတဲ့အချိန်နှင့် နေရာကိုပြန်ရောက်သွားသလို” ခံစားရစေမှာဖြစ်ကြောင်း  USA Today ကိုပြောကြားခဲ့ပါတယ်။

အရွယ်အစားပြည့်ရုပ်ထုအတွက် ရည်ရွယ်ပြီး ဩဂုတ်လ ၁၀ ရက်မှာ Prospect Park, Comicave Studio မှာပွဲကျင်းပမည့်အပြင် Marvel၊ Hasbro နှင့် အခြားအရည်အသွေးမြင့် စုဆောင်းနိုင်တဲ့အရုပ်တွေကို ထုတ်လုပ်တဲ့အမှတ်တံဆိပ်တွေနှင့် တွဲလုပ်လေ့ရှိတဲ့ စင်္ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုက ကြေးနှင့် သံဖြူနှင့်ခဲစပ်ပြီးပြုလုပ်ထားတဲ့ ရုပ်ထုသေးလေးတွေကို အရေအတွက်ကန့်သန့်ပြီး ရောင်းချပေးမှာဖြစ်ပါတယ်။

San Diego Comic-Con ကို ဇူလိုင်လ ၂၁ -၂၄ ရက်အတွင်း San Diego Convention Centre တွင်ကျင်းပမှာဖြစ်ပြီး အကြိုညကတော့ ဇူလိုင်လ ၂၀ ရက်မှာကျင်းပမှာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : HollyWoodReporter