Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Marvel ရဲ့ Squirrel Girl အဖြစ်သရုပ်ဆောင်ချင်တဲ့ Ana Kendrick

Marvel ရဲ့ Squirrel Girl အဖြစ်သရုပ်ဆောင်ချင်တဲ့ Ana Kendrick

| No comment


Ana Kendrick က စူပါဟီးရိုးအဖြစ်သရုပ်ဆောင်ဖို့ လုံးဝအသင့်ဖြစ်နေပြီး ဘယ်သူအဖြစ်သရုပ်ဆောင်ရမလဲဆိုတာပါ စိတ်ထဲမှာအသင့်ရှိနေပါတယ်။

အသက် ၃၀ ရှိပြီဖြစ်တဲ့မင်းသမီးက စူပါဟီးရိုးဇာတ်လမ်းတွဲတွေမှာပါဝင်ဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။ Kendrick ရဲ့ပုံစံအစစ်မှန်အတိုင်းပဲ သူသရုပ်ဆောင်ချင်တဲ့ လူစွမ်းကောင်းကတော့ သူ့လိုပဲ တစ်မူထူခြားတဲ့ပုံစံပါ။

“မောင်လေးက ကျွန်မကို Squirrel Girl အဖြစ်သရုပ်ဆောင်သင့်တယ်လို့ထင်ကြောင်း ရုပ်ပြစာအုပ်ပို့ပေးပြီး ပြောခဲ့တယ်။ Squirrel Girl က ရှဉ့်တစ်ပိုင်းဖြစ်တယ်ဆိုတာအပြင် တခြားဘာတွေလုပ်တတ်မှန်းမသိပေမယ့် ရှဉ့်တစ်ပိုင်းအဖြစ်တော့ သရုပ်ဆောင်နိုင်ပါတယ်” လို့ Net A Porter ကိုပြောခဲ့ပါတယ်။

ဒီသန္ဓေပြောင်း စူပါဟီးရိုးနှင့် မရင်နှီးတဲ့သူတွေအတွက်ပြောပြရရင် အမွေးထူတဲ့အမြီးနှင့် Marvel ဇာတ်ကောင်ဟာ Dr. Doom နှင့် Thanos အပါအဝင် ဗီလိန်တွေကို စူပါခွန်အား၊ အမြန်နှုန်းနှင့် အလိုလျောက်တုံ့ပြန်မှုတွေနှင့် အနိုင်ယူခဲ့ဖူးပါတယ်။ အမြန်နှုန်းဖြင့် ဒဏ်ရာပျောက်ကင်းနိုင်စွမ်းနှင့် တိုက်ခိုက်ဖို့အတွက် လက်ဆစ်မှာ ပြန်သိမ်းလို့ရတဲ့ စူးချွန်တွေပါရှိပါတယ်။ သဘာဝအတိုင်း ရှဉ့်တွေနှင့် ဆက်သွယ်နိုင်ပြီး အခွံမာသီးတွေစားရတာနှစ်သက်ပါတယ်

သူ့ကို ပြစ်မှုတွေကိုနှိမ်နင်းတဲ့ ရှဉ့်မလေးအဖြစ်သရုပ်ဆောင်စေချင်တာက Ana Kendrick ရဲ့ မောင်လေးတစ်ယောက်တည်းမဟုတ်ပါဘူး။ ဒီသတင်းကိုကြားပြီး internet ကတော့ ရူးသွပ်သွားလေရဲ့။

“Squirrel Girl ကဘယ်သူမှန်းတော့မသိပေမယ့် နာမည်ကြားတာနှင့် Ana Kendrick ပဲဖြစ်သင့်ပါတယ်” လို့ Twitter အသုံးပြုသူတစ်ဦးကရေးသားခဲ့ပါတယ်
နောက်ပရိသတ်တစ်ယောက်ကတော့ ဇာတ်ကားအတွက်ဖြစ်နိုင်ခြေရှိတဲ့ ပိုစတာကို ဖန်တီးခဲ့ပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref :EW