Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , One Direction က အဖွဲ့သက်တမ်းခြောက်နှစ်ပြည့်တဲ့အထိ အားပေးဆဲပရိသတ်တွေကို ကျေးဇူးတင်စကားဆို

One Direction က အဖွဲ့သက်တမ်းခြောက်နှစ်ပြည့်တဲ့အထိ အားပေးဆဲပရိသတ်တွေကို ကျေးဇူးတင်စကားဆို

| No comment


ဇူလိုင်လ ၂၃ ရက် က twitter  မှာ  ပရိသတ်တွေက #6yearsof1D လို့ရေးသားဂုဏ်ပြုခဲ့ကြပြီး One Direction အဖွဲ့သားတွေကလည်း ၂၀၁၀ ခုနှစ်က  The X Factor U.K. မှာ အဖွဲစတင်တည်ထောင်ကတည်းက အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။

“မယုံနိုင်လောက်အောင်အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောချင်လို့ ဒီဗီဒီယိုလေးကိုရိုက်လိုက်တာပါ။ ပရိသတ်တွေရဲ့ ဆက်တိုက်အားပေးထောက်ခံမှုက အံ့ဩဖွယ်ရာပါပဲ၊ တကယ်ကို ကျွန်တော်တို့ဘဝတွေပြောင်းလဲခဲ့တာ ပရိသတ်တစ်ယောက်ချင်းစီကြောင့်လည်းပါပါတယ်။ ကျွန်တော်တို့လို့ပဲ ဂုဏ်ယူနေမယ်လို့ မျှော်လင့်ပါတယ်” လို့ Louis Tomlinson က One Direction အဖွဲ့ twitter မှာတင်ခဲ့တဲ့ ဗီဒီယိုထဲမှာပြောခဲ့ပါတယ်။

Harry Styles ကတော့ twitter မှာ ၃ လလောက်တိတ်ဆိတ်နေခဲ့ပြီးမှ သူ့ကိုယ်ပိုင်စာမျက်နှာမှာ “၆နှစ် အာလုံးရဲ့အားပေးမှုတွေအတွက် ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်” လို့ရေးသားခဲ့ပါတယ်။

Niall Horan ကလည်း Directioners တွေရဲ့ ယိုင်လဲသွားခြင်းမရှိတဲ့ အားပေးမှုကို အသိအမှတ်ပြုရေးသားခဲ့ပါတယ်။ “၆နှစ် Louis ပြောသလိုပဲ ကျွန်တော်တို့ဘဝတွေပြောင်းလဲခဲ့တာ ပရိသတ်တစ်ယောက်ချင်းစီကြောင့်လည်းပါပါတယ်။ သိတဲ့အတိုင်ပဲ ကမ္ဘာပေါ်မှာ အကောင်းဆုံးပရိတ်သတ်တွေပါပဲ။ ခုချိန်ထိ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်” လို့ရေးသားခဲ့ပါတယ်။

လက်ရှိ One Direction အဖွဲ့သားတွေဖြစ်တဲ့ Tomlinson၊ Styles၊ Horan နှင့် Liam Payne တို့ဟာ ခေတ္တအနားယူလျက်ရှိပါတယ်။ Styles နှင့် Payne တို့က တစ်ကိုယ်တော်စာချုပ်ချုပ်ဆိုခဲ့ကြကြောင်းကြေညာထားပြီး အဖွဲ့သားဟောင်း Zayn Malik ကတော့ မတ်လက Mind of Mine တစ်ကိုယ်တော်ခွေ ထွက်ရှိခဲ့ပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Billboard