Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Scarlet Heart: Goryeo ဇာတ်လမ်းတွဲရဲ့ လေးနက်ပြီး လှပတဲ့ ဇာတ်ကောင်ပိုစတာများထွက်ရှိလာ

Scarlet Heart: Goryeo ဇာတ်လမ်းတွဲရဲ့ လေးနက်ပြီး လှပတဲ့ ဇာတ်ကောင်ပိုစတာများထွက်ရှိလာ

| No comment


Scarlet Heart: Goryeo ဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင်တွေအတွက် ထွက်ရှိလာတဲ့ ဇာတ်ကောင်ပိုစတာ ၈ ခုထဲနှင့်တင် ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုဖို့ အကြောင်းရင်းကလုံလောက်နေပါပြီ။

ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ ယေဘူယျအားဖြင့် IU နှင့် အရည်အချင်းရှိပြီး ချောမောတဲ့ မင်းသားလေးတွေဖြစ်တဲ့ Lee Joon Gi၊ Kang Ha Neul၊ Hong Jong Hyun၊ Ji Soo၊ EXO အဖွဲဝင် Baekhyun၊ Nam Joo Hyuk နှင့် Yoon Sun Woo တို့ဖြစ်ပါတယ်။

Scarlet Heart: Goryeo ဇာတ်လမ်းတွဲဟာ ဒီနေ့ခေတ်ရဲ့ မိန်းကလေးတစ်ယောက်ဖြစ်တဲ့ Hae Soo (IU) က နေကြတ်မှုဖြစ်ပွားစဉ်မှာ Goryeo မင်းဆက်လက်ထက်ခေတ်ကာလကိုရောက်ရှိသွားပြီး နန်းတွင်ရဲ့အားပြိုင်မှုတွေအလယ်မှာ စတုတ္ထမြောက်မင်းသားလေး Wang So (Lee Joon Gi) နှင့်အချစ်ဇာတ်လမ်းစတင်ဖြစ်ပုံကိုဖော်ကျူးထားတဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းဖြစ်ပါတယ်။

စတင်ထုတ်လွှင့်မှုမပြုခင် အပြီးအစီးရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲဟာ အပိုင်း ၂၀ ကို ၅ လကြာ ရိုက်ကူးခဲ့ပြီးစီးခဲ့ပြီး ထုတ်လုပ်မှုနောက်ဆက်တွဲကိစ္စများသာကျန်ရှိပါတော့တယ်။ Scarlet Heart: Goryeo ဇာတ်လမ်းတွဲကို SBS ရဲ့ “Doctors” ဇာတ်လမ်းတွဲအပြီး ဩဂုတ်လ ၂၉ ရက်မှာ ထုတ်လွှင့်မှာပါ။

ပိုစတာတွေကိုတော့ အောက်မှာဖော်ပြထားတဲ့အတိုင်းတွေ့ရှိနိုင်ပါတယ်။







Hae Soo (IU): တကယ်လို့ ဘာမှပြောင်းလဲသွားတာ မရှိဘူးဆိုရင် ကျွန်မကတော့ ရှင်သန်နေချင်ပါတယ်။

၎ယောက်မြောက်မင်းသားလေး Wang So (Lee Joon Gi): နေမင်းကြီးမဖြစ်ချင်ခဲ့ပေမယ့် ထူးကဲစွာတောက်ပနေခဲ့တယ်။

၃ယောက်မြောက်မင်းသားလေး Wang Yo (Hong Jong Hyun): Goryeo ရဲ့ဘုရင်ဖြစ်ဖို့က သူ့အိပ်မက်ပါ။

၈ယောက်မြောက်မင်းသားလေး Wang Wook (Kang Ha Neul): နှလုံးသားမှာ အချစ်ရော စွမ်းအားပါရှိပါတယ်။

၉ယောက်မြောက်မင်းသားလေး Wang Won (Yoon Sun Woo): မသိနားမလည်ခြင်း၊ ရည်မှန်းချက်၊ စဉ်းစားဉာဏ်နှင့် ငွေကြေးတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

၁၀ယောက်မြောက်မင်းသားလေး Wang Eun (Baekhyun): နောက်ပြောင်ကျီစယ်တတ်တဲ့ လူငယ်လေးတစ်ယောက်။

၁၃ယောက်မြောက်မင်းသားလေး Wang Wook (Nam Joo Hyuk): လေးနက်ပြီး ကျော့ရှင်းမှုဖြင့်။

၁၄ယောက်မြောက်မင်းသားလေး Wang Jung (Ji Soo): အစ်ကိုကြီးတွေရဲ့ ထာဝရညီအငယ်ဆုံးလေး။

 ( RII )



#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref :Soompi