Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Shawn Mendes က အထက်တန်းအောင်လက်မှတ်ရဓာတ်ပုံနဲ့ ပထမဆုံးတက်တူးရဲ့ဓာတ်ပုံတို့ကိုဖော်ပြ

Shawn Mendes က အထက်တန်းအောင်လက်မှတ်ရဓာတ်ပုံနဲ့ ပထမဆုံးတက်တူးရဲ့ဓာတ်ပုံတို့ကိုဖော်ပြ

| No comment

အသက် ၁၇ နှစ်ပြည့်ပြီးမကြာခင်မှာပဲ “Stitches” သီချင်းနှင့် Billboard Hot 100 chart မှာ နံပါတ် ၄ နေရာရရှိခဲ့တဲ့ Shawn Mendes က သူ့အသက်ဘယ်လောက်ငယ်သေးတာဆိုတာကို အထက်ကျောင်းကနေအောင်လက်မှတ်ရလာတဲ့ဓာတ်ပုံနှင့်အတူ သတိပေးခဲ့ပါတယ်။

Shawn က အလုပ်တွေများနေတဲ့ကြားက ကျောင်းပညာရေးကိုလည်း လက်လွတ်မခံဘဲ online ကနေတစ်ဆင့်သင်ယူခဲ့ပါတယ်။ Just Jared Jr. နှင့်အင်တာဗျူးမှာ “စာသင်ခန်းထဲမှာ ထိုင်နေရတဲ့အတွေ့အကြုံတစ်ခုလုံးကို လွမ်းပါတယ်။ ပြီးတော့ ကျောင်းအားကစားအဖွဲ့တွေ၊ ဂီတဖျော်ဖြေပွဲတွေ၊ ပါရမီ စွမ်းရည်ပြပွဲတွေ၊ လေ့ကျင့်ရေးစခန်းတွေရောပေါ့။

တစ်ကယ်တော့ ခေါင်ဆောင်ဖြစ်လေ့ကျင့်ရေးစခန်းကို သွားခွင့်ပေးခဲ့ပါတယ်။ ကျောင်းကပွဲလည်းသွားလို့ရမယ် ဆိုတော့ ပျော်စရာကောင်းမှာပါ” လို့ Shawn ကပြောပါတယ်။

ဘွဲ့မရခင်လေးတင်က Shawn က သူ့အတွက်ပထမဆုံးတက်တူးအဖြစ် ဂစ်တာပုံဖော်ထားတဲ့ ရေကန်နှင့် သစ်ပင်တွေပါတဲ့ ရှုခင်းပုံကိုထိုးခဲ့ပြီး ဂစ်တာပုံလည်ပင်းအစွန်းနားမှာတော့ Toronto မြို့ရဲ့ CN Tower ပုံပါရှိပါတယ်။ Chronic Ink ကတက်တူးပညာရှင် Livia Tsang “Shawn က မငိုပါဘူး” လို့ twitter မှာရေးသားခဲ့ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Billboard