Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Star Trek 4 တွင် Chris Hemsworth ပြန်လည်ပါဝင်မည်ဖြစ်ကြောင်း Paramount အတည်ပြု

Star Trek 4 တွင် Chris Hemsworth ပြန်လည်ပါဝင်မည်ဖြစ်ကြောင်း Paramount အတည်ပြု

| No comment

Star Trek Beyond ကိုဒီတစ်ပတ်မှာ ပွဲဦးထွက်ရုံတင်ပြသမှာဖြစ်ပြီး
Paramount Pictures၊ Skydance နှင့် Bad Robot တို့က U.S.S Enterprise
အဖွဲ့သားတွေဟာ Star Trek 4 ဇာတ်ကားအတွက် ပြန်လည်ပါဝင်ကြမှာဖြစ်ကြောင်း
ကြေညာခဲ့ပါတယ်။

 အာကာသထဲက စွန့်စားခန်းတွေရဲ့ နောက်ထပ်ဇာတ်ကားမှာတော့
Chris Pine ရဲ့ Captain Kirk ဟာ သူနဲ့တွေ့ဆုံဖို့အခွင့်အရေးမရလိုက်ပေမယ့်
သူမွေးတဲ့နေ့ကတည်းကစပြီး အမွေကိုဆက်ခံဖို့ ခြောက်လှန့်နေတဲ့ Chris
Hemsworth ကသရုပ်ဆောင်ထားတဲ့ ဖခင်ဖြစ်သူနှင့် တွေ့ဆုံရမှာဖြစ်ပါတယ်။


၂၀၀၉ ခုနှစ်က Star Trek ဇာတ်ကားမှာပါဝင်ခဲ့တဲ့ George Kirk အဖြစ်
အာကာသဇာတ်လမ်းတွဲမှာ Pine နှင့်အတူသရုပ်ဆောင်ဖို့ Hemsworth
ကပြန်လာမှာဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ သရုပ်ဆောင်တွေလည်း ပြန်လည်ပါဝင်လာဖို့
မျှော်လင့်ရပါတယ်။



J.D. Payne နှင့် Patrick McKay တို့က ဇာတ်လမ်းရေးသားပြီး J.J. Arbrams
နှင့် Lindsey Weber တို့က Bad Robot Production ကထုတ်လုပ်မှာဖြစ်ပါတယ်။
Skydance မှ David Ellison နှင့် Dana Goldberg တို့က
စီမံခန့်ခွဲထုတ်လုပ်မှာပါ။ ဒါရိုက်တာနှင့် ရုံတင်မည့်ရက်ကတော့
အတည်မပြုရသေးပါဘူး။

“Star Trek” ဇာတ်လမ်းတွဲကို အခြေခံပြီး ပြန်လည်ဆန်းသစ်ထားတဲ့
ပထမဆုံးဇာတ်ကား Star Trek ကို Gene Roddenberry ကရိုက်ကူးခဲ့ပြီး ၂၀၀၉
ခုနှစ်က ကမ္ဘာတစ်ဝှမ်းမှာ ဝင်ငွေ ဒေါ်လာ သန်း ၃၈၀ ရရှိခဲ့ပါတယ်။

၂၀၁၃ခုနှစ် မေလမှာ ရုံတင်ခဲ့တဲ့ ဒုတိယဇာတ်ကား Star Trek Into Darkness ကတော့
ဒေါ်လာ သန်း ၄၆၀ ကျော်ရရှိခဲ့ပါတယ်။ တတိယမြောက်ဇာတ်ကား Star Trek Beyond
ကိုတော့ Justin Lin က ရိုက်ကူးပြီး ဇူလိုင်လ ၂၂ ရက်မှာ ပြသမှာဖြစ်ပါတယ်။


Hemsworth ကို လတ်တလော Ghostbuster ဇာတ်ကားမှာ Melissa McCarthy၊ Kristin
Wig နှင့် Kate McKinnon တို့နှင့်အတူကြည့်ရှုနိုင်ပါတယ်။ လက်ရှိမှာ
Avengers: Infinity War Part 1 ကို ဇာတိုက်မရိုက်ကူးခင် Thor: Ragnarok
မှာ God of Thunder အဖြစ်သရုပ်ဆောင်လျက်ရှိပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : ComingSoon