Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Star Wars ဇာတ်ကားထဲက lightsaber ပုံစံကို မီးလင်းတက်တူးထိုးခဲ့တဲ့ Zayn Malik

Star Wars ဇာတ်ကားထဲက lightsaber ပုံစံကို မီးလင်းတက်တူးထိုးခဲ့တဲ့ Zayn Malik

| No comment

အခုဆိုရင်တော့ Zayn Malik အတွက် Force ဆိုတာ လက်ထိပ်လေးမှာတင်ရှိနေပါပြီ။ One Direction အဖွဲ့ဝင်ဟောင်းဟာ Star Wars ဇာတ်ကားထဲက lightsaber ပုံစံတက်တူးထိုးခဲ့ပါတယ်။ အဲဒီတက်တူးဟာ တကယ်လည်း မီးလင်းပါတယ်။



မီးလင်းအောင် ဘယ်လိုလုပ်ထားပါသလဲ? တက်တူးပညာရှင် Jonathan “Jon Boy” Valena က Zayn ရဲ့တက်တူးသစ်ပုံကို Instagram မှာတင်ပြီး အနက်ရောင်မီးအောက်မှာ အရောင်တောက်တဲ့ အထူးမှင်နှင့် ထိုးထားတဲ့ UV တက်တူးဖြစ်ကြောင်းရေးသားခဲ့ပါတယ်။ “May the force be with you, [Zayn],” လို့ New York City’s West 4 Tatto မှ Jon Boy ကရေးသားခဲ့ပါတယ်။

Zayn က Star Wars တက်တူးကို လက်ခလယ်မှာ ထိုးထားတဲ့အတွက် သူတကယ်စိတ်ဆိုးတဲ့အခါမျိုးမှသာ တက်တူးကို မြင်အောင် ထုတ်ပြမယ်လို့ထင်ရပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW