Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဖယောင်းရုပ်ထားရှိမယ့် ပထမဆုံးကိုရီးယားလူမျိုး အမျိုးသမီးအနုပညာရှင်ဖြစ်လာတဲ့ Suzy

ဖယောင်းရုပ်ထားရှိမယ့် ပထမဆုံးကိုရီးယားလူမျိုး အမျိုးသမီးအနုပညာရှင်ဖြစ်လာတဲ့ Suzy

| No comment

Suzy ရဲ့ပုံတူဖယောင်းရုပ်ကို ဟောင်ကောင်နိုင်ငံမှာရှိတဲ့ Madame Tussauds ပြတိုက်မှာ ပြသမည်ထားဖြစ်ကြောင်း JYP Entertainment က ဇူလိုင်လ ၁၁ ရက်ကကြေညာခဲ့ပါတယ်။

Madame Tussauds ပြတိုက်ဟာ ကမ္ဘာတစ်လွှားမှာရှိတဲ့ ကျော်ကြားတဲ့ဖယောင်းရုပ်ပြတိုက်ဖြစ်ပြီး ကျော်ကြားတဲ့ အားကစားပညာရှင်များ၊ အဆိုတော်များ၊ သရုပ်ဆောင်များအပါအဝင် သမိုင်းဝင်ရုပ်ထုပုံတူများကိုပြသထားရှိတဲ့နေရာဖြစ်ပါတယ်။

JYP ရဲ့ပြောဆိုချက်အရ အင်္ဂလိပ်ကျွမ်းကျင်သူတွေက Suzy ရဲ့ပုံတူဖယောင်းရုပ်ကို ပြုလုပ်ဖို့အတွက် ကိုရီးယားနိုင်ငံကိုရောက်ရှိလာပြီး Suzy ရဲ့ ကိုယ်ခန္ဓာအတိုင်းအတာရရှိဖို့ချည်းသက်သက် ၇ နာရီကြာမြင့်ခဲ့ပါတယ်။



“Madame Tussauds ပြတိုက်ကို ဖိတ်ကြားခံရတဲ့ ပထမဆုံးကိုရီးယားလူမျိုး အမျိုးသမီးအနုပညာရှင်ဖြစ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဖယောင်းရုပ်ပြုလုပ်ဖို့အတွက် လုပ်ငန်းစဉ်အရှည်ကြီးထဲမှာပါဝင်ရတာကတော့ အတွေ့အကြုံသစ်ပါပဲ။ ပြီးတော့ ထုတ်လုပ်ရေးအဖွဲ့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။  ရုပ်ထုကို ပရိသတ်တွေ တွေ့မြင်နိုင်မယ့်နေ့ကို မျှော်လင့်နေပါတယ်” လို့ Suzy ပြောပါတယ်။

ဖယောင်းရုပ်ကို ပြသမည့် ဩဂုတ်လအစောပိုင်းမှာ Suzy ကဟောင်ကောင်ကို ရောက်ရှိမှာဖြစ်ပါတယ်။

Suzy က လတ်တလောမှာ KBS က ထုတ်လွှင့်လျက်ရှိတဲ့ ဇာတ်လမ်းတွဲသစ် “Uncontrollably Fond” မှာ Kim Woo Bin နှင့်အတူပါဝင်ထားပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : AllKpop