Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , The Divergent Series: Ascendant ကို ရုံတင်ပြသခြင်းမပြုဘဲ TV တွင်ပြသမည်

The Divergent Series: Ascendant ကို ရုံတင်ပြသခြင်းမပြုဘဲ TV တွင်ပြသမည်

| No comment

The Divergent ဇာတ်လမ်းတွဲတွေရဲ့ နောက်ဆုံးဇာတ်ကားဖြစ်တဲ့ Ascendant ကို အရင်က ၂၀၁၇ ခုနှစ် ဇွန်လ ၉ ရက်မှာရုံတင်ပြသမည်ဟု ကြေညာထားရာမှ ရုံတင်ပြသခြင်းမပြုတော့ဘဲ TV ဇာတ်လမ်းအဖြစ်ပြသမည်ဖြစ်ပြီး နောက်ပိုင်းတွင် spin-off  ဇာတ်လမ်းတွဲအဖြစ် ပြသသွားမည်ဖြစ်ကြောင်း Variety မှသတင်းပို့ထားပါတယ်။ အစီအစဉ်တွေအတွက် ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ပြီး သရုပ်ဆောင်တွေဖြစ်တဲ့ Shailene Woodley ၊Theo James၊ Ansel Elgort နှင့် အခြားသူတွေက Ascendant TV ဇာတ်လမ်းမှာပြန်လည်ပါဝင်မလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။

ဇာတ်ဆောင်သစ်တွေပါဝင်မယ်လို့ယူဆရတဲ့ spin-off ဇာတ်လမ်းတွဲ ထုတ်လုပ်ရေးကို Lionsgate’s TV division က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပုံမှန်အတိုင်း ရုံသံလိုင်းကလွှင့်မလား၊ streaming network ကလွှင့်မလား ဆိုတာကတော့စောင့်ကြည့်ရမှာပါ။ Variety မှသတင်းပို့ချက်အရ ဒီTV ဇာတ်လမ်းမှာ လက်ရှိဇာတ်ဆောင်တွေပါဝင်တဲ့ ဇာတ်လမ်းကို အဆုံးသတ်ပြီး ဇာတ်လမ်းတွဲမှာ ဆက်လက်ပါဝင်မယ့် ဇာတ်ဆောင်တွေကိုလည်း မိတ်ဆက်ပေးမှာပါ။

စာရေးဆရာမ Veronica Roth ရဲ့ New York Times မှာရောင်းအားအကောင်းဆုံးဖြစ်တဲ့ The Divergent Series: Allegiant ကို Lee Toland Krieger (Celeste & Jesse Forever, The Age of Adanline) ကရိုက်ကူးခဲ့ပါတယ်။ ဒီအက်ရှင်စွန့်စားခန်းဇာတ်လမ်းတွဲမှာ ရွှေကမ္ဘာလုံးဆု စကာတင်စာရင်းဝင် Shailene Woodley ၊Theo James၊ အကယ်ဒမီဆုရှင် Octavia Spencer နှင့် အော်စကာဆု စကာတင်စာရင်းဝင် Naomi Watts တို့ပါဝင်ထားပါတယ်။ Ray Stevenson၊ Zoe Kravitz၊ Miles Teller၊ Ansel Elgort၊ Maggie Q၊ Keiynan Lonsdale၊ Jonny Weston၊ Mekhi Phifer၊ Daniel Dae Kim တို့နှင့်အတူ တတိယမြောက်ဇာတ်ကားမှာ ရွှေကမ္ဘာလုံးဆု စကာတင်စာရင်းဝင် Jeff Daniels လည်းပါဝင်လာပါတယ်။

Divergent စာအုပ်ဇာတ်လမ်းတွဲဟာ ၂၀၁၁ ခုနှစ်ကတည်းက New York Times မှာရောင်းအားအကောင်းဆုံးဖြစ်ခဲ့တာပါ။ Divergent စာအုပ်ဇာတ်လမ်းတွဲကို ကမ္ဘာတစ်ဝှမ်းမှာ အုပ်ရေပေါင်း ၃၄ သန်းကျော် ရောင်းချခဲ့ရပြီး၊ ၂၀၁၄ ခုနှစ် မတ်လ ၂၁ ရက် Divergent ထွက်ရှိချိန်မှာ ၁၇ သန်းတက်လာခဲ့ပါတယ်။ Allegiant ကတော့ ၂၀၁၃ ခုနှစ်က ပထမဆုံးထွက်တဲ့ရက်မှာ အုပ်ရေပေါင်း ၄၅၅၀၀၀ အုပ် ရောင်းချခဲ့ရပြီး Katherine Tegen Books/HarperCollins Publishers ကုမ္ပဏီရဲ့ စံချိန်ကိုချိုးနိုင်ခဲ့ပါတယ်။ Allegiant စာအုပ်ကို ကြိုတင်မှာယူမှုဟာ HarperCollins ရဲ့ မှတ်တမ်းတစ်လျှောက်မှာ အများဆုံးဖြစ်ခဲ့ပါတယ်။

Divergent ဇာတ်ကား ၃ကားဟာ နိုင်ငံတကာမှာ ဒေါ်လာ ၇၆၅ သန်းကျော်ဝင်ငွေရရှိခဲ့ပြီး The Hunger Games နှင့် Twilight ဇာတ်လမ်းတွဲတွေကိုထည့်မတွက်ရင် Lionsgate ရဲ့ ပြည်တွင်းဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်နေပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : ComingSoon