Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Thor: Ragnarok ဇာတ်ကားတွင်ပါဝင်မည့် Gladiator Hulk Armor ၏ ဗီဒီယိုနှင့်ဓာတ်ပုံများထွက်ရှိ

Thor: Ragnarok ဇာတ်ကားတွင်ပါဝင်မည့် Gladiator Hulk Armor ၏ ဗီဒီယိုနှင့်ဓာတ်ပုံများထွက်ရှိ

| No comment

San Diego Comic-Con ကို စနေနေ့ကစတင်ခဲ့ပြီး Marvel က Thor: Ragnarok ဇာတ်ကားတွင်ပါဝင်မည့် Gladiator Hulk ချပ်ဝတ်တန်ဆာတွေကို ပြသခဲ့ပါတယ်။

Thor: Ragnarok ဇာတ်ကားတွင်ပါဝင်မည့် သရုပ်ဆောင်များကတော့ God of Thunder အဖြစ် Chris Hemsworth၊ Loki အဖြစ် Tom Hiddleston၊ The Hulk အဖြစ် Mark Rufflo၊ Heimdall အဖြစ် Idris Elba၊ Odin အဖြစ် Sir Anthony Hopkins တို့ဖြစ်ပါတယ်။


 Cate Blanchett က လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှတဲ့ ဗီလိန်သစ် Hela အဖြစ်၊ Jeff Goldblum က အများနှင့်မတူပဲ ထူးဆန်းသော Grandmaster အဖြစ်၊ Tessa Thompson က ဂန္တဝင်လူစွမ်းကောင်း Valkrie အဖြစ် ပိတ်ကားပေါ်မှာ အသက်သွင်းပေးမှာဖြစ်ပြီး Karl Urban) က Skurge အဖြစ် သူ့ရဲ့ ကြီးမားလှတဲ့ ခွန်အားကို တိုက်ပွဲတွင်ပေါင်းထည့်ပေးသွားမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကို Kevin Feige က Louis D’Esposito၊ Brad Winderbaum၊ Victoria Alonso၊ Thomas M. Hammel နှင့်Stan Lee တို့နှင့်အတူ ထုတ်လုပ်မှာဖြစ်ပါတယ်။ ဇာတ်ညွှန်းကို Stephany Folsom၊ Craig Kyle၊ Eric Pearson နှင့် Christopher Yost တို့ကရေးသားမှာပါ။ လက်ရှိအစီအစဉ်အရ Marvel Cinematic Universe ရဲ့ တတိယအဆင့်ကို အောက်တိုဘာလအထိရိုက်ကူးပြီး ထုတ်လုပ်မှုပိုင်းကတော့ နှစ်ကုန်ပိုင်းအထိ ဆက်လက်လုပ်ကိုင်နိုင်ခြေရှိပါတယ်။

Taika Waititi ရိုက်ကူးထားတဲ့ Thor: Ragnarok ဇာတ်ကားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Comingsoon