Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , , ခန္ဓာကိုယ်နောက်ပိုင်းအလှဆုံးစာရင်းရဲ့ ထိပ်ဆုံးမှာရပ်တည်ခဲ့တဲ့ Tom Hiddleston နဲ့ Jennifer Metcalfe

ခန္ဓာကိုယ်နောက်ပိုင်းအလှဆုံးစာရင်းရဲ့ ထိပ်ဆုံးမှာရပ်တည်ခဲ့တဲ့ Tom Hiddleston နဲ့ Jennifer Metcalfe

| No comment


ဗြိတိသျှသရုပ်ဆောင်တွေဖြစ်တဲ့ Jennifer Metcalfe နဲ့ Tom Hiddleston တို့ဟာ ခန္ဓာကိုယ် အနောက်ဘက်အပိုင်း အလှဆုံးဆု (Rear Of The Year) ဆုကို ရရှိသွားခဲ့တယ်လို့ သိရပါတယ်။ Hollyoaks စီးရီးရဲ့ သရုပ်ဆောင်ဖြစ်သူ Jennifer Metcalfe ဟာ အမျိုးသမီးတွေထဲမှာ တင်ပါးအလှဆုံးပိုင်ရှင်အဖြစ်နဲ့ ထိပ်ဆုံးကရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဆုကို ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်၊ ဇူလိုင်လကနေ ၂၀၁၆ ဇွန်လအထိ တရားဝင်ဝက်ဘ်ဆိုက် ကနေတစ်ဆင့် ပြည်သူတွေရဲ့ မဲပေးမှုပေါင်း ၁၀၀၀၀ ကျော်ကိုအခြေခံရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။ Metcalfe ကသူ့အနေနဲ့ ဒီလိုဆုကို ရရှိခဲ့လို့ အံ့သြဝမ်းသာမိကြောင်းပြောကြားခဲ့ပါတယ်။


သူ့အနေနဲ့ ယခင်ဆုရှင်တွေဖြစ်တဲ့ Presenter တစ်ဦးဖြစ်သူ Carol Vorderman, သရုပ်ဆောင် Kym Marsh နဲ့ သတင်းတင်ဆက်သူ Fiona Bruse တို့ကို အတုခိုးပြုလုပ်ခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ၊ အစားအသောက်ရှောင်တာတွေ ပြုလုပ်ခဲ့ရကြောင်းဆိုခဲ့ပါတယ်။


အမျိုးသားတွေထဲမှာတော့ Taylor Swift ရဲ့ ချစ်သူဖြစ်တဲ့ Loki ဇာတ်ရုပ်ရဲ့ သရုပ်ဆောင်ဖြစ်သူ Tom Hiddleston ကရရှိခဲ့ပါတယ်။

Female

1. Jennifer Metcalfe
2. Rachel Riley
3. Holly Willoughby
4. Ola Jordan
5. Amanda Holden

Male

1. Tom Hiddleston
2. Jamie Dornan
3. Andy Murray
4. Idris Elba
5. Bradley Walsh

( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref: Belfast Telegraph, Daily Mail