Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Vin Diesel ပါဝင်တဲ့ xXx: Return of Xander Cage ဇာတ်လမ်းနမူနာထွက်ရှိ

Vin Diesel ပါဝင်တဲ့ xXx: Return of Xander Cage ဇာတ်လမ်းနမူနာထွက်ရှိ

| No comment


Vin Diesel က xXx ဇာတ်ကားနောက်ဆက်တွဲထွက်မယ်လို့ ကတိပေးထားတဲ့အတိုင်း xXx: Return of Xander Cage ဇာတ်လမ်းနမူနာထွက်ရှိလာပါပြီ။

စိတ်လှုပ်ရှားစရာ စပိုင်ဇာတ်လမ်းကို အဓိပ္ပာယ်သစ်ဖွင့်လှစ်ပေးတဲ့ ဒီဇာတ်လမ်းတွဲရဲ့ ၃ကားမြောက်ဇာတ်ကားမှာ အစွန်းရောက်အားကစားသမားဘဝကနေ အစိုးရအရာရှိအဖြစ် ပြောင်းလဲသွားတဲ့ Xander Cage (Vin Diesel) ဟာ ကိုယ့်ဘာသာချမှတ်ထားတဲ့ ပြည်နှင်ဒဏ်မှပြန်ထွက်လာပြီး သေစေနိုင်လောက်တဲ့ အယ်လ်ဖာစစ်သည် Xiang နှင့် သူ့အဖွဲ့သားတွေကို အတိုက်အခံလုပ်ပြီး Pandora’s Box လို့ခေါ်တဲ့ အန္တရာယ်ရှိပြီး တားဆီးလို့မရနိုင်ဘူးလို့ထင်ရတဲ့ လက်နက်တစ်မျိုးကို ပြန်လည်ရရှိဖို့ ပြိုင်ဆိုင်တာကို တွေ့မြင်ရမှာပါ။


လူသစ်တွေပဲပါဝင်တဲ့ စိတ်လှုပ်ရှားစရာတွေကိုနှစ်သက်တဲ့ စိတ်တူကိုယ်တူလူတစ်သိုက်ကို စုဆောင်းထားတဲ့ Xander ဟာ ကမ္ဘာအဆင့်အမြင့်ဆုံး အုပ်ချုပ်ရေးအဆင့်ထိ ပူးပေါင်းလိမ်လည်ဖို့ ညှိနှိုင်းထားတဲ့ သေစေနိုင်လောက်တဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုမှာ သူကိုယ်တိုင် ရုန်းမထွက်နိုင်ပဲကြားညပ်မိနေတာကို တွေ့ရမှာဖြစ်ပါတယ်။


ဇာတ်လမ်းရဲ့သင်္ကေတဖြစ်တဲ့ ဟာသဉာဏ်ရွှင်မှုနှင့် ခပ်မိုက်မိုက်ပုံစံတွေအပြည့်ပါဝင်တဲ့ xXx: Return of Xander Cage ဟာ  ရုပ်ရှင်တွေမှာပါလေ့ရှိတဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ စတန့်တွေနှင့် အက်ရှင်အပြင်းစားတွေကို အဆင့်မြှင်တင်ဖို့ ရည်ရွယ်ထားပါတယ်။


Diesel နှင့်အတူပါဝင်မည့်သူတွေကတော့ Samuel Jackson၊ Ruby Rose (Orange is the New Black) ၊ Donnie Yen (Rouge One: A Star Wars Story) ၊ Toni Collette (Krampus) ၊ Tony Jaa (Furious 7) ၊ Nina Dobrev (The Vampire Diaries) နှင့် Miss Universe ပြိုင်ပွဲဝင် Ariadna Gutierrez တို့ဖြစ်ပါတယ်။

D.J. Caruso (I Am Number Four) ကရိုက်ကူးထားပါတယ်။ Chad St. John (London Has Fallen) က ဇာတ်လမ်းရေးသားပြီး F. Scott Frazier (Collide) ကပြန်လည်စိစစ်ထားပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်မှာ Paramount Pictures မှထွက်ရှိမှာဖြစ်ပါတယ်။ Trailer ကိုတော့ အောက်က ဗီဒီယိုမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။





( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Coming Soon