Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Wonder Woman ဇာတ်ကားနမူနာ Comic-Con တွင်ပြသ

Wonder Woman ဇာတ်ကားနမူနာ Comic-Con တွင်ပြသ

| No comment

Wonder Woman ဇာတ်ကားရဲ့ပထမဆုံးနမူနာမှာ Diana Prince ရဲ့လှုပ်ရှားမှုတစ်ပိုင်းတစ်စကို စနေနေ့က Comic-Con တွင် ပရိသတ်တွေကိုပြသခဲ့ပါတယ်။

Hall H ထဲမှာပြသခဲ့ပြီး Warner Bros. ကထုတ်ပေးခဲ့တဲ့ နမူနာမှာ Steve Trevor (Chris Pine) က ကမ်းစပ်ကိုမျောပါလာပြီး Wonder Woman (Gal Gadot) နှင့် ဆုံတွေတာနှင့် စဖွင့်ထားပါတယ်။

“ရှင်က ယောက်ျားလေးလား” လို့ သူမကမေးတော့ “အင်းလေ၊ ယောက်ျားလေးနဲ့ မတူလို့လား” လို့ပြန်ဖြေပါတယ်။ အက်ရှင်တွေအများကြီးတဲ့ ဒီနမူနာမှာ Themyscira နှင့် ကျန်တာတွေကြားက ခြားနာမှုကို အဓိကပြထားပါတယ်။ Trevor က အရင်တုန်းက ယောက်ျားလေးနှင့် တစ်ခါမှမတွေ့ဖူးဘူးလာလို့မေးတော့ “ကျွန်မမှာ အဖေမရှိဘူး။ Zeus ကအသက်သွင်းပေးခဲ့တာပါ” လို့ဖြေခဲ့ပါတယ်။

စိတ်ရှုပ်ထွေသွားတဲ့ Trevor ကတော့ “မိုက်သားပဲ” လို့ပြန်ပြောခဲ့ပါတယ်။

Wonder Woman ဇာတ်ကားနမူနာကို Prince က Trevor ရဲ့အတွင်းရေးမှူးနှင့် တွေ့ဆုံတာနှင့် ပိတ်သိမ်းထားပါတယ်။ “အတွင်းရေးမှူးဆိုတာ ဘာလဲ” လို့မေးတော့ “သူသွားဆိုတဲ့နေရာကို သွားတယ်၊ သူလုပ်ခိုင်းတာလုပ်တယ်” လို့ အတွင်းရေးမှူးကပြန်ဖြေပါတယ်။ “ကျွန်မနေတဲ့ နေရာမှာဆိုရင် အဲ့တာက ကျွန်စနစ်ပဲ” လို့ Prince ကပြောတော့ ပျာယာခတ်သွားတဲ့ Trevor က အားလုံးကို လူစုခွဲဖို့ကြိုးစားပါတော့တယ်။

၂၀၁၇ ခုနှစ် ဇွန်လ ၂ ရက်မှာ ပြသမည့် ဒီတစ်ကိုယ်တော်ဇာတ်ကားဟာ Batman v Superman: Dawn of Justice မှာ မိတ်ဆက်ပေးခဲ့တဲ့ Wonder Woman ကို အကျယ်ချဲ့ရိုက်ကူထားတာပါ။

“Diana က နားလည်ဖို့အရမ်းလွယ်တယ်လို့ ခံစားရတယ်။ သူက လူသားနှလုံးသားရှိတော့ ခံစားချက်ရှိတယ်၊ သိချင်စိတ်ပြင်းပြတယ်၊ မေတ္တာကရုဏာတရားကြီးမားတယ်၊ လူတွေကို ချစ်တတ်တယ်။ ပြီတော့ နတ်ဘုရားတွေရဲ့ အစွမ်းကိုပိုင်ဆိုင်ထားတယ်။ သူက ကောင်းကျိုးအတွက် တိုက်ခိုက်တယ်။ ကြီးမြတ်ခြင်းကို ယုံကြည်တယ်။ ကျွန်မ သူ့လိုပဲဖြစ်ချင်တယ်။ Wonder Woman ဇာတ်ကားထဲမှာ သူက ရိုးစင်းတယ်။ ထုံအတာမျိုးမဟုတ်ပဲ၊ မှော်ဆန်တယ်။ ကျွန်မလည်း သူ့လိုမျိုး ရိုးစင်တဲ့သူတစ်ခါလောက် ပြန်ဖြစ်ချင်မိတယ်” လို့ ဇာတ်ကောင်အကြောင်းကို Gadot က EW ကိုရှင်းပြပါတယ်။

ဒီဇာတ်ကားကို Patty Jenkins (Monster) က ရိုက်ကူးပေးထားပြီး အမျိုးသမီးဒါရိုက်တာက ဒီဇာတ်ကားကို ရိုက်တာဟာ အရေးပါတဲ့အချက်ဖြစ်ကြောင်း Gadot ကပြောပါတယ်။ “ဒီဇာတ်လမ်းက မိန်းကလေးငယ်လေးကနေ အမျိုးသမီးတစ်ယောက်ဖြစ်လာတဲ့အကြောင်းလေ။ ဒီတော့ ကိုယ်တိုင်မိန်းကလေးငယ်လေးကနေ အမျိုးသမီးတစ်ယောက်ဖြစ်လာတဲ့သူကပဲ ဒီဇာတ်လမ်းကို နည်းလမ်းကျကျပြောနိုင်မှာပေါ့” လို့ပြောပြပါတယ်။ ဇာတ်ကားနမူနာကိုတော့ အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။





( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Billboard