Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Album အချပ်ရေ (၃) သန်းကျော် ရောင်းရစံချိန်တင်ခဲ့တဲ့ EXO အဖွဲ့

Album အချပ်ရေ (၃) သန်းကျော် ရောင်းရစံချိန်တင်ခဲ့တဲ့ EXO အဖွဲ့

| No comment

EXO အဖွဲ့က အခုတော့ တရားဝင် Album အချပ်ရေ (၃) သန်းကျော် ရောင်းရတဲ့အဖွဲ့ဖြစ်သွားပါပြီ။
ဩဂုတ်လ ၁၇ ရက်က SM Entertainment ရဲ့ ပြောဆိုချက်အရ EXO အဖွဲ့ရဲ့ တတိယမြောက် full-length album “EX’ACT” ဟာ ထွက်ရှိခဲ့တဲ့ ဇွန်လ ၉ ရက်မှစပြီး အချပ်ရေပေါင်း ၇၉၆,၀၈၅ ချပ် ရောင်းချခဲ့ရပါတယ်။

အလားတူပဲ အဲ့ဒါကို repackaged လုပ်ထားတဲ့ “LOTTO” album ဟာလည်း စထွက်တဲ့ ဩဂုတ်လ ၁၈ ရက်မှာပဲ ၂၄ နာရီမပြည့်ခင် အချပ်ရေပေါင်း ၃၇၄,၂၈၀ ချပ် ရောင်းချခဲ့ရပါတယ်။ ဒါကြောင့် EXO အဖွဲ့ဟာ တတိယမြောက် album အချပ်ရေပေါင်း ၁,၁၇၀,၃၆၅ ချပ် ရောင်းချခဲ့ရပြီး နှစ်လအတွင်း သုံးကြိမ်ဆက်တိုက် Album အချပ်ရေ (၁) သန်းကျော် ရောင်းရတဲ့အဖွဲ့ဖြစ်လာပါတယ်။

EXO အဖွဲ့ဟာ ၂၀၁၃ ခုနှစ်က ပထမဆုံးထွက်ရှိခဲ့တဲ့ သူ့တို့ရဲ့ album ကို အချပ်ရေ (၁) သန်း ရောင်းချခဲ့ရတဲ့အတွက် ၁၂ နှစ်အတွင်းမှာ ပထမဆုံး အချပ်ရေ (၁) သန်း ရောင်းရသူ ဖြစ်လာခဲ့ပြီး၊ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒုတိယမြောက် album ဟာလည်း အချပ်ရေ (၁) သန်းကျော် ရောင်းချခဲ့ရပါတယ်။

အသစ်တစ်ခါထွက်တိုင်း စံချိန်ပိုမြင့်လာတဲ့အတွက် ဒီတစ်ခါလည်း EXO အဖွဲ့က ကမ္ဘာကျော် ကြယ်ပွင့်အဖြစ် သက်သေပြလိုက်တာပါပဲ။

အထင်ကြီးစရာကောင်းလှတဲ့ စံချိန်သစ်အပြင် EXO အဖွဲ့ဟာ သူတို့ရဲ့ repackaged album ထွက်လာတဲ့ တစ်နာရီအတွင်းမှာပဲ digital music chart တွေကိုလည်း အပိုင်သိမ်းနိုင်ခဲ့ပါတယ်။

“LOTTO” music video ကိုလည်း ဩဂုတ်လ ၁၈ ရက် ကိုရီးယားစံတော်ချိန် နံနက် ၁၀ နာရီ မှာထွက်ရှိခဲ့ပြီး ဩဂုတ်လ ၁၉ ရက်နေ့က “Music Bank” မှာ စတင်ဖျော်ဖြေခဲ့ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Soompi