Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , လမ်းခွဲလိုက်ကြတဲ့ Bella Thorne နဲ့ Gregg Sulkin

လမ်းခွဲလိုက်ကြတဲ့ Bella Thorne နဲ့ Gregg Sulkin

| No comment

တစ်ယောက်ကို တစ်ယောက် အမြဲချစ်သွားကြမှာပါလို့ ပြောခဲ့တယ် အတွဲလေးပါ။

Thorne နဲ့ သူ့ချစ်သူကောင်လေး Sulkin တို့က သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်း အဆုံးသတ်ဖို့ နှစ်ဦးသဘောတူခဲ့ကြပါတယ်။

၁၈နှစ်အရွယ်မင်းသမီး Thorne နဲ့ ၂၄နှစ် ရှိပြီးဖြစ်တဲ့ မင်းသား Sulkin တို့က တစ်နှစ်ကျော်ကြာ လက်တွဲမှုကို အဆုံးသတ်လိုက်ပြီလို့ ကြော်ညာလိုက်ပါတယ်။

‘အများကြီးတွေး ၊ အများကြီး စဉ်းစားပြီးမှ လမ်းခွဲဖို့ကို ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်ကြတာပါ။

တစ်ယောက်ကို တစ်ယောက် လေးလေးစားစားနဲ့ ချစ်မြဲချစ်သွားကြမှာပါ။ ကျွန်တော်တို့ရဲ့ အလုပ်အချိန်ဇယားတွေက တစ်ယောက်ကို တစ်ယောက် အဆင်မပြေအောင်လုပ်သလို ဖြစ်သွားတတ်လို့ ခုလို ဆုံးဖြတ်လိုက်တာဟာ အကောင်းဆုံးနည်းလမ်းပါပဲ။’ လို့ Thorne နဲ့ Sulkin  တို့က ရှင်းလင်းခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Thorne က Twitter ပေါ်မှာ ‘ ငါတို့မျှော်လင့်သလို အဆုံးသတ်မသွားဘူး’  လို့ ပြောထားတာကို တွေ့ရပါတယ်။ သူနဲ့ Sulkin တို့က ၂၀၁၅ မှာ စပြီးတွဲခဲ့ကြတဲ့ သူငယ်ချင်းဟောင်း တွေဖြစ်ပြီး ဒီနှစ် နွေဦးရာသီမှာ အိမ်တစ်လုံးကိုလည်း အတူတူဝယ်ခဲ့ကြပါသေးတယ်။

‘Sulkin နဲ့သိကျွမ်းရတာ တကယ်ကို ၀မ်းသာပါတယ်။ သူနဲ့သိတာ ခြောက်နှစ်ရှိပြီ။ မိသားစုချင်းလဲ ရင်းနှီးကြတယ်။ အတူတူ လျှောက်သွားတာတွေ၊ ပျော်ရတာတွေ ၊ တစ်ယောက်ကို တစ်ယောက် သိကျွမ်းတာတွေဟာ တကယ်ကို ၀မ်းသာရပါတယ’် လို့ Throne က ပြောပါတယ်။


( Michelle )


#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : UPI