Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အလှအပအတွက် ငယ်ငယ်တုန်းကလုပ်မိခဲ့တဲ့ အမှားကြီးကိုဖွင့်ဟလာတဲ့ ကန်ဒဲလ်ဂျင်နာ

အလှအပအတွက် ငယ်ငယ်တုန်းကလုပ်မိခဲ့တဲ့ အမှားကြီးကိုဖွင့်ဟလာတဲ့ ကန်ဒဲလ်ဂျင်နာ

| No comment

ကာဒါရှီးယန်း reality တီဗီအစီအစဉ်နဲ့ နာမည်ကျော်လာခဲ့တဲ့ အလှပဂေး မော်ဒယ်လ်လေး ကန်ဒဲလ်ဂျင်နာကတော့ သူမ ငယ်စဉ်က ပြုလုပ်မိတဲ့ အလှအပပိုင်းဆိုင်ရာ အမှားတစ်ခုကို ဖွင့်ဟလာခဲ့ပါတယ်။

ကန်ဒဲလ်ဟာ သူမရဲ့ မျက်ခုံးမွေးတွေ လှလာစေဖို့ အတွက် နေ့တိုင်း မျက်ခုံးမွှေးကို ခြယ်သလေ့ရှိပြီး သိပ်ပြီး မထင်ရှားတဲ့ သူ့မျက်ခုံးကြောင့် အားမလို အားမရဖြစ်မိတယ်လို့ ဆိုပါတယ်။ သူမရဲ့ အစ်မဖြစ်တဲ့ ကင်မ်ကာဒါရှီးယန်းနဲ့ ညီမဖြစ်သူ ကိုင်လီဂျင်နာတို့ကလည်း သူမလိုပဲ အလှအပပိုင်းဆိုင်ရာ အမှားအယွင်းတွေကို ဖွင့်ဟခဲ့ပါတယ်။

အခုဆိုရင်တော့ ကန်ဒဲလ်ဂျင်နာကလည်း သူမရဲ့ အလှအပနဲ့ ပတ်သက်တဲ့ အမှားကျူးလွန်မှုတစ်ခုကို သူမရဲ့ အက်ပလီကေးရှင်းမှာ အခုလိုပဲ ရေးသားခဲ့ပါတယ်။ “ကျွန်မ ငယ်ငယ်တုန်းကပေါ့။ ထူးဆန်းလွန်းတဲ့ စိတ်ကူးတစ်ခု ပေါ်လာခဲ့တယ်။ ကျွန်မရဲ့ မျက်ခုံးမွှေးတွေအကုန်လုံးကို ဆွဲနှုတ်မိလိုက်တာ။ ပြန်ပေါက်လာလို့တော့ ကျေးဇူးတင်ရမှာပါ။ တော်သေးတယ် ဒီဇာတ်လမ်းလေးက ပျော်စရာလေးဖြစ်သွားလို့ ” ဆိုပြီး ရေးသားထားခဲ့တာဖြစ်ပါတယ်။

ကန်ဒဲလ်ဟာ အချစ်ရေးအနေနဲ့တော့ တိတိကျကျမရှိသေးဘဲ ဟိုအရင်ကာလတွေတုန်းကတော့ One Direction အဖွဲ့အဆိုတော် ဟာရီစတိုင်လ်နဲ့ အချိန်အတော်ကြာ တွဲခုတ်ခဲ့ပါသေးတယ်။

( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : MTV