Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , မိတ်ကပ်မလိမ်းထားတဲ့မျက်နှာ၊ သာမန်ဂျင်းစကပ်နဲ့လည်း ချစ်စရာကောင်းနေပြန်တဲ့ တေလာဆွစ်ဖ်

မိတ်ကပ်မလိမ်းထားတဲ့မျက်နှာ၊ သာမန်ဂျင်းစကပ်နဲ့လည်း ချစ်စရာကောင်းနေပြန်တဲ့ တေလာဆွစ်ဖ်

| No comment


တေလာဆွစ်ဖ်ဟာ အပြင်မထွက်တာကြာပြီဖြစ်တဲ့ သူမရဲ့ Profile ကိုပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက နယူးယော့ခ်မြို့ရဲ့လမ်းတွေပေါ်မှာ လမ်းလျှောက်ရင်း ထုတ်ဖော်လိုက်ပါတယ်။

သူ့အနေနဲ့ ထွက်လာတဲ့ပုံစံဟာ ရွှေအိုရောင်ဆံပင်တွေကို ဖွာချထားပြီး သာမန်ဂျင်းစကပ်တစ်ထည်ကို ဝတ်ဆင်ခဲ့လို့ ရိုးရှင်းတဲ့ အသွင်ကို ဆောင်ပြီး ထွက်လာတာပါ။


အသက်၂၆နှစ်အရွယ် အဆိုတော်မလေးဟာ နယူးယော့ခ်မှာရှိတဲ့ အိမ်ကနေ တစ်ဦးတည်းထွက်လာတာပါ။
 ဒီလိုရိုးရှင်းတဲ့ ပုံစံဝတ်စားထားတာဖြစ်ပေမယ့်လဲ သူမကိုအားလုံးက မှတ်မိလောက်တဲ့အထိ လှပနေခဲ့ပါတယ်။ စီးလာတဲ့ ဖိနပ်ကတော့ ထူးခြားနေခဲ့ပြီး ပန်းပုံတွေဖော်ထားခဲ့တဲ့ ဖိနပ်ကိုစီးထားခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်သတ္တအနည်းငယ်အတွင်းကလည်း Taylor Swift ဟာ သူ့ရဲ့ အချစ်သစ် Tom Hiddleston နဲ့အတူ သြစတျေးလျကို ခရီးထွက်ခဲ့ကြပါသေးတယ်။ ဒီခရီးစဉ်မှာတော့ Taylor Swift ဟာ အနက်ရောင်ဝတ်စုံကို လိမ္မော်ရောင် Nike Trainer လေးနဲ့ထွက်ခဲ့တာပါ။

( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref: Daily Mail