Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ရေဘေးသင့်နေတဲ့ လူစီယားနားပြည်နယ်အတွက် ဒေါ်လာတစ်သန်းလှူဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်

ရေဘေးသင့်နေတဲ့ လူစီယားနားပြည်နယ်အတွက် ဒေါ်လာတစ်သန်းလှူဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်

| No comment

ရေဘေးသင့်နေတဲ့ အမေရိကန်နိုင်ငံတောင်ပိုင်း လူစီးယားနားပြည်နယ်က ဒုက္ခသည်တွေအတွက် ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ဟာ ဒေါ်လာတစ်သန်းကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အနည်းဆုံး လူ ၁၁ ဦးသေဆုံးခဲ့တဲ့ လူစီးယားနားရေကြီးမှုအတွက် တေလာဟာ ကြီးမားတဲ့ထောက်ပံ့မှုကို ပြုလုပ်လိုက်တာလည်း ဖြစ်ပါတယ်။

တေလာဆွစ်ဖ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်းက “1989 World Tour” ကို လူစီယားနားပြည်နယ်မှာ ကျင်းပခဲ့စဉ်မှာ Swifties (တေလာဆွစ်ဖ်ရဲ့ ပရိသတ်များ) ဆီကနေပြီးတော့ နွေးထွေးတဲ့ကြိုဆိုမှုနဲ့ မေတ္တာတွေကို ရရှိခဲ့တာကြောင့် အခုလိုပဲ တေလာကလည်း တစ်ဖန်ပြန်ပြီး နွေးထွေးမှုပေးလိုက်တာပါ။

“1989 World Tour စတုန်းက လူစီယားနားက ပရိသတ်တွေဟာ ကျွန်မကို အိမ်မှာနေနေရသလိုကို နွေးထွေးမှုပေးခဲ့ပါတယ်။ အခုတော့ ရင်နင့်ဖွယ် ရေဘေးကြောင့် သူတို့အိမ်တွေကို သူတို့ကိုယ်တိုင် စွန့်ခွာနေရပြီ” လို့ တေလာဆွစ်ဖ်က ရေးသားထားခဲ့ပါတယ်။

“မေတ္တာနဲ့ အချစ်တွေနဲ့အတူ အခုလို ဖြစ်ရပ်ဆိုးကာလကို ကျော်လွှားသွားနိုင်ပါစေလို့ ကျွန်မဆုတောင်ပေးလိုက်ပါတယ်” လို့ အသက် ၂၆ နှစ်အရွယ် အဆိုတော်က ထပ်မံပြီးတော့လည်း ရေးသားထားခဲ့ပါတယ်။ လူဦးရေ ၆၀၀၀၀ ရဲ့ အိမ်ခြေ ၄၀၀၀၀ အထိကို ပျက်စီးစေခဲ့တဲ့ ရေကြီးမှုကိုတော့ လူစီယားနားအစိုးရကလည်း ကြိုးစားပြီး ကိုင်တွယ်ဖြေရှင်းလျက်ရှိနေတယ်လို့လည်း သိရပါတယ်။


( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Aceshowbiz