Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Britney Spears က VMAs ဆုပေးပွဲမှာ ဝတ်ဆင်မည့် ဝတ်စုံကို လေလံတင်ပြီး Louisiana ပြည်နယ် ရေဘေးကယ်ဆယ်ရေးရန်ပုံငွေအတွက် လှူဒါန်းမည်

Britney Spears က VMAs ဆုပေးပွဲမှာ ဝတ်ဆင်မည့် ဝတ်စုံကို လေလံတင်ပြီး Louisiana ပြည်နယ် ရေဘေးကယ်ဆယ်ရေးရန်ပုံငွေအတွက် လှူဒါန်းမည်

| No comment

Britney Spears က ရေကြီးမှုဖြစ်ပွားခဲ့တဲ့ U.S တောင်ပိုင်းက Louisiana ပြည်နယ်မှာနေထိုင်တဲ့ ရေဘေးဒုက္ခသည်တွေအတွက် ရန်ပုံတွေထူထောင်ရာမှာ သူ့ပရိသတ်တွေကို အကူအညီတောင်းခဲ့ပါတယ်။

“ကျွန်မရဲ့ မွေးရပ်မြေဖြစ်တဲ့ Louisiana ပြည်နယ်က ရေဘေးဒုက္ခသည်တွေအတွက် ရန်ပုံတွေထူထောင်ဖို့အတွက် RedCross နှင့် Crowdrise တို့နှင့်ပူးပေါင်းလိုက်ပါတယ်” လို့ တနင်္လာနေ့ နေ့လည်ပိုင်းက twitter မှာရေးသားခဲ့ပါတယ်။

Kentwood, Louisiana ပြည်နယ်မှာ ကြီးပြင်းခဲ့တဲ့ Spears အတွက်တော့ ဝမ်းနည်းစရာ ရေကြီးမှုဟာ မွေးရပ်မြေနားမှာ ဖြစ်သွားတာပါ။ ရေကြီးမှုအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လူ ၇၂ ယောက် သေဆုံးခဲ့ပါတယ်။ လူပေါင်း ၂၀၀၀၀ ကိုယ့်အိမ်ကို စွန့်ပြီးထွက်လာရပြီး အိမ်ခြေပေါင်း ၁၁၀၀၀၀ လောက် ပျက်စီးခဲ့တာကြောင့် အမေရိကမှာ ၂၀၁၂ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ Hurricane Sandy ကတည်းက အဆိုးဆုံး သဘာဝဘေးအန္တရာယ် ဖြစ်ခဲ့ပါတယ်။

ဩဂုတ်လ ၂၈ ရက်မှာ VMAs ဆုပေးပွဲမှာ ဖျော်ဖြေဖို့ကလည်း နီးကပ်လာပြီဆိုတော့ Spear က ၁၀ ဒေါ်လာ လှူဒါန်းသူတိုင်းအတွက် အပိုမက်လုံးပေးတဲ့အနေနှင့် ကမ်းလှမ်းမှုပြုခဲ့ပါတယ်။ “၁၀ ဒေါ်လာ လှူဒါန်းသူတိုင်းအတွက် ကျွန်မ VMAs ဆုပေးပွဲမှာ ဝတ်ဆင်မည့် ဝတ်စုံကို ရရှိနိုင်မည့်အခွင့်အရေး ဒါမှမဟုတ် ဖျော်ဖြေပွဲမှာ ကျွန်မနှင့် တွေ့ဆုံနိုင်ဖို့အတွက် နယူးယော့ကို အလည်တစ်ခေါက်ရောက်ရှိနိုင်ပါတယ်” လို့ ထပ်ပေါင်းရေးသားခဲ့ပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : TeenVogue