Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Channing Tatum က Disney ရဲ့ဇာတ်ကားမှာ ရေသူထီးအဖြစ်သရုပ်ဆောင်မည်

Channing Tatum က Disney ရဲ့ဇာတ်ကားမှာ ရေသူထီးအဖြစ်သရုပ်ဆောင်မည်

| No comment

Hollywood က မူရင်းစိတ်ကူးတွေသာ ကုန်ရင်ကုန်သွားမယ် စိတ်ကူးကောင်းတွေ ကတော့ကုန်မသွားပါဘူး။ ပြောရမယ်ဆိုရင် Channing Tatum ကို ရေသူထီးအဖြစ်သရုပ်ဆောင်ခိုင်းတာမျိုးပေါ့။ ၁၉၈၄ ခုနှစ်က ‘Splash’ ကို Disney ကပြန်လည်စိတ်ကူးထားတဲ့ဇာတ်ကားမှာ ပါဝင်ဖို့ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ မင်းသားက စာချုပ်ချုပ်ခဲ့ကြောင်း Deadline က သတင်းပို့ခဲ့ပါတယ်။

Tatum နှင့် 22 Jump Street မှာတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Jillian Bell တို့ဟာ Tom Hanks နှင့် Daryl Hannah တို့ပါဝင်ခဲ့တဲ့ ဇာတ်ကားဟောင်းကို ပြန်လည်ဆန်းသစ်ရိုက်ကူးမှာဖြစ်ပါတယ်။ ဒါပေမယ့် လာမည့်ဇာတ်ကားသစ်မှာတော့ ယောက်ျား၊ မိန်းမ အခန်းကဏ္ဍပြောင်းသွားပြီး Tatum က Hannah ရဲ့ ရေသူမနေရာပါဝင်မှာဖြစ်ပြီး Bell က Hanks ရဲ့ဇာတ်ကောင်နေရာကပါဝင်ကာ မူရင်းဇာတ်လမ်းကို အလှည့်အပြောင်းလေးတွေလုပ်တားပါတယ်။

Marja-Lewis Ryan က ဇာတ်ညွှန်းရေးသားပြီး မူရင်းဇာတ်ကားကို အတူထုတ်လုပ်ခဲ့တဲ့ Imagines ရဲ့ Ron Howard နှင့် Brian Grazer တို့ကပဲထုတ်လုပ်မှာဖြစ်ပါတယ်။

ဇာတ်ကားကို ဘယ်တော့ရုံတင်ပြသမယ်ဆိုတာတော့ မသိရသေးပေမယ့် ငါးမြီးနှင့် Tatum ရဲ့ အင်္ကျီမပါတဲ့ ကြွက်သားတွေကို စောင့်မျှော်ကြည့်ရှုရမှာပါ။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : TeenVogue