Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဂျက်စတင်ဘီဘာရဲ့ရည်းစားဟောင်း Chantel Jeffries ရဲ့ Instagram အကောင့်ဟက်ခံရာမှတစ်ဆင့် JB ရဲ့ တစ်ကိုယ်ရည်အာသာဖြေနေပုံပျံနှံ့သွား

ဂျက်စတင်ဘီဘာရဲ့ရည်းစားဟောင်း Chantel Jeffries ရဲ့ Instagram အကောင့်ဟက်ခံရာမှတစ်ဆင့် JB ရဲ့ တစ်ကိုယ်ရည်အာသာဖြေနေပုံပျံနှံ့သွား

| No comment

အခုတစ်လောတော့ Beliebers တွေအတွက် Instagram မှာ ရုတ်ရုတ်သဲသဲဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခဲ့ပါတယ်။ ဒီတစ်ခါ flame ကလည်း ကမ္ဘာကျော်အဆိုတော် ဂျက်စတင်ဘီဘာနဲ့ ပတ်သက်ရာပတ်သက်ကြောင်းပါပဲ။ ပြီးခဲ့တဲ့ အပတ်အတွင်းက JB ဟာ ရည်းစားဟောင်းဖြစ်သူ ဆယ်လီနာဂိုးမက်ဇ်နဲ့ Instagram ပေါ်မှာ လူသိရှင်ကြား စကားစစ်ထိုးခဲ့သလိုပဲ အခုတစ်ခါမှာလည်း JB အတွက် အရှက်ရစရာဖြစ်ရပ် ထွက်ပေါ်လာခဲ့ပြန်တာပါ။

မနေ့ကတော့ ဂျက်စတင်ရဲ့ ရည်းစားဟောင်း ချန်တဲလ်ဂျက်ဖရီရဲ့ Instagram အကောင့် အဟက်ခံလိုက်ရပါတယ်။ ဟက်ကာဟာဆိုရင်တော့ အကောင့်ကို ဟက်သွားအပြီးမှာ ဂျက်စတင်နဲ့ ချန်တဲလ်တို့ရဲ့ကြားက private လုပ်ထားတဲ့ ဓာတ်ပုံတစ်ပုံကိုပါ public ကို ဖွင့်ချသွားခဲ့ပါတယ်။ ဂျက်စတင်ဘီဘာက ချန်တဲလ်ကို ဒီပုံကို ပို့ထားခဲ့ပုံပေါ်ပြီး ဂျက်စတင် တစ်ယောက်တည်း လိင်အာသာဖြေနေတဲ့ ပုံလို့ ထင်ရပါတယ်။ JB ဟာ ညာလက်နဲ့ သူ့ပစ္စည်းကို ကိုင်ထားပြီး လျှာကိုထုတ်ပြီး SEXY ဖြစ်အောင် ရိုက်ထားတာပါ။ ပုံရဲ့ caption မှာလည်း chantel ရဲ့ “I love you Justin” ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။

အခုလိုပုံကို public ကို ဟက်ကာက ချပြလိုက်ပြီး နောက်ထပ် ၁၅ မိနစ်အကြာမှာပဲ Chantel ရဲ့ အကောင့်ရော ၊ ဓာတ်ပုံတွေကိုပါ ပြန်လည်ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။ ၁၅ မိနစ်သာဆိုပေမယ့် ဒီဓာတ်ပုံကို Instagram စာမျက်နှာမှာ Like ပေးသွားသူ သုံးထောင်ကျော်အထိရှိသွားခဲ့ပြီး ပရိသတ်အားလုံးကြားမှာ Screenshot တွေကလည်း ပလူပျံသွားပါတော့တယ်။


Chantel ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူမရဲ့ တွစ်တာစာမျက်နှာမှာ “ကျွန်မရဲ့ IG အကောင့်တော့ အဟက်ခံလိုက်ရပါပြီ။ ဒါပေမယ့်လည်း ကျွန်မရဲ့ update တွေကို snapchat ပေးသွားပါမယ်” လို့ ရေးသားခဲ့ပါတယ်။ လောလောဆယ်မှာတော့ ဂျက်စတင်ဘီဘာဟာ ရည်းစားသစ် ဆိုဖီယာရစ်ချီနဲ့အတူ ဂျပန်နိုင်ငံကို ရောက်ရှိနေပြီး Chantel Jefferies နဲ့ကတော့ ၂၀၁၄ ခုနှစ်အတွင်းမှာ တွဲခုတ်ခဲ့တာပါ။


အခုလို Chantel ရဲ့ IG အကောင့်ကို ဟက်ယူသွားတဲ့ဟက်ကာဆိုတဲ့ ပုဂ္ဂိုလ်ဟာ Chantel ကိုယ်တိုင်လည်း ဖြစ်ချင်ရင်ဖြစ်နေနိုင်ပါတယ်။

( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Celebuzz