Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Chris Hemsworth ကို စိန်ခေါ်လိုက်တဲ့ Spider-Man မင်းသား Tom Holland

Chris Hemsworth ကို စိန်ခေါ်လိုက်တဲ့ Spider-Man မင်းသား Tom Holland

| No comment

Chris Hemsworth က Thor:Ragnarok ရိုက်ကွင်းမှာ သူ့လူစားထိုးသရုပ်ဆောင်တဲ့သူနှင့် စနောက်နေတာကနေ အစပြုခဲ့ရာက အခုတော့ Tom Holland နှင့် စတန့်ပြိုင်ပွဲအဖြစ် ပြောင်းသွားပါပြီ။ instagram မှာတင်ထားတဲ့ ဗီဒီယိုတစ်ခုထဲမှာ Spider-Man: Homecoming သရုပ်ဆောင်က လေထဲမှာ ဘေးတိုက် တစ်ပတ်ဂျွန်းပစ်ပြီး Hemsworth ကို စနောက်ပြီး စိန်ခေါ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့တစ်ပတ်တုန်းက Hemsworth က သူ့ရဲ့ စတန့်သရုပ်ဆောင် Bobby Holland Hanton လုပ်တဲ့အတိုင်း အတုခိုးလိုက်လုပ်ဖို့ ကြိုးစားတဲ့ ဗီဒီယိုတစ်ခုကို instagram မှာတင်ခဲ့ပါတယ်။ Holland က အဲ့ဒါကို မြင်ပြီး ဘယ်လိုလုပ်ရတယ်ဆိုတာကို Asgardian Avenger ကို ပြတဲ့ ဗီဒီယိုကိုတင်ခဲ့တာပါ။ အဆုံးနားမှာ Hemsworth ရဲ့ တစ်ပတ်လှည့်တာကိုတောင် အတုခိုးပြလိုက်ပါသေးတယ်။

“ဘယ်လိုလဲ Hemsworth?” လို့ Holland ကမေးထားပြီး “ဒါကို နိုင်အောင်လုပ်ဦး” လို့ရေးထားပါတယ်။
Hanton က အဲ့ဒီဗီဒီယိုကို မြင်ပြီး သူ့ကိုယ်ပိုင် စတန့်စိန်ခေါ်မှုကို Holland ဆီပို့ခဲ့ပါတယ်။ “နောက်တစ်ခါကျရင် ဒါမျိုးစမ်းလုပ်ကြည့်။ Atlanta မှာတွေ့ရင် သင်ပေးမယ်” လို့ နံရံကို ပြန်ကန်ထွက်လာတဲ့ ဂျွန်းဘားကစားနည်း ဗီဒီယိုကို စာရေးပြီးတင်ခဲ့ပါတယ်။

Holland ရဲ့ ပင့်ကူအိမ်မှာတွဲလောင်းဆွဲတဲ့ အရည်အသွေးကတော့ သေချာမှတ်တမ်းတင်ထားပြီးဖြစ်ပြီး၊ ဒါကြောင့်လည်း လူတိုင်းလိုချင်တဲ့ Marvel ဇာတ်ကောင်ကို ရခဲ့တာပါ။ Captain America: Civil War ဇာတ်ကားထဲမှာ ခုန်ပြီး လက်နှင့်ပြန်ထောက်ရတဲ့ ဇာတ်ဝင်ခန်းကို စီမံခန့်ခွဲခွင့်ရှိသူတွေရဲ့ဆန္ဒနှင့် ဆန့်ကျင်ပြီး သရုပ်ဆောင်ခဲ့ပြီး အကြားကြီးစွဲထင်နေမည့် ခံစားချက်မျိုးပေးခဲ့ပါတယ်။
ကြည့်ရတာ Hemsworth အတွက်တော့ စိတ်ပိုင်းဖြတ်ပြီး လုပ်စရာလေးတွေရှိလာပါပြီ။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW