Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , လန်ဒန်မြို့မှာ Cursed Child ပြဇာတ်ကိုသွားကြည့်ခဲ့ကြတဲ့ Harry Potter သရုပ်ဆောင်များ

လန်ဒန်မြို့မှာ Cursed Child ပြဇာတ်ကိုသွားကြည့်ခဲ့ကြတဲ့ Harry Potter သရုပ်ဆောင်များ

| No comment

ဇာတ်လမ်းတွဲရဲ့ နာမည်အကြီးဆုံးစတားရဲ့ လွှမ်းမိုးမှုမပါဘဲ ပြဇာတ်ကိုနေရာပေးတဲ့အနေနှင့် Harry Potter and The Cursed Child ပြဇာတ်ရဲ့ပရိသတ်တွေကို လတ်တလောတော့ ရှောင်နေမှာဖြစ်ကြောင်း Daniel Radcliffe က ရှင်းရှင်းလင်းလင်းပြောထားပါတယ်။

ဒါပေမယ့်လည်း တခြား Harry Potter သရုပ်ဆောင်တွေကိုတော့ တားလို့မရပါဘူး။ ဇူလိုင်လ ၃၁ ရက် က လန်ဒန်မြို့မှာ Cursed Child ပြဇာတ်ကိုစဖွင့်လိုက်ကတည်းက ရုပ်ရှင်ဇာတ်လမ်းမှာပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေလည်း ပြဇာတ်ကိုလာကြည့်ပြီး မျိုးဆက်တွေရောပြီး ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။


ဇာတ်ကားထဲမှာ Ginny Weasley အဖြစ်သရုပ်ဆောင်တဲ့ Bonnie Wright က Cursed Child ပြဇာတ်ထဲမှာ အရွယ်ရောက်ပြီးသား လူကြီးဇာတ်ကောင်အဖြစ်သရုပ်ဆောင်တဲ့ Poppy Miller နှင့် နှစ်ယောက်တည်းဓာတ်ပုံတွဲရိုက်ခဲ့ပြီး Cursed Child ပြဇာတ်အဖွဲ့သားတွေနှင့်အတူလည်း ဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ လူတိုင်းက Bellatrix Lestrange ကိုသဘောကျကြတာကြောင့် Helena Bonham Carter ကလည်း အားလုံးနှင့်တွဲပြီးဓာတ်ပုံရိုက်ခဲ့ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW