Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ရီဟားနားနဲ့ ချိန်းတွေ့ဖို့ ငါးပြတိုက်တစ်ခုကို ငှားရမ်းလိုက်တဲ့ Drake

ရီဟားနားနဲ့ ချိန်းတွေ့ဖို့ ငါးပြတိုက်တစ်ခုကို ငှားရမ်းလိုက်တဲ့ Drake

| No comment

အခုနောက်ပိုင်း Hip Hop အသိုင်းအဝိုင်းမှာ နာမည်ပျက်တွေများနေတဲ့ Drake ကတော့ ချစ်သူဖြစ်သူ ရီဟားနားနဲ့ ဒိတ်ဖို့အတွက် ပြတိုက်တစ်ခုကို ငှားရမ်းလိုက်တယ်လို့ သိရပါတယ်။

ရက်ပ်အဆိုကျော်တစ်ယောက်ဖြစ်တဲ့ Eminem ကို battle သီချင်းယှဉ်ပြိုင်ဖို့ စိန်ခေါ်ထားသူ Drake ဟာ ရီဟားနားနဲ့ အတူတူ ညစာစားမှုပြုလုပ်ဖို့အတွက် ရစ်ပလေငါးပြတိုက်ကြီးတစ်ခုလုံးကို ငှားရမ်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ကနေဒီယန်နွယ်ဖွား Drake ဟာ ရီဟားနားရဲ့ music concert တွေမှာလည်း တစ်ကောက်ကောက်လိုက်ပါလျက်ရှိနေပြီး သီချင်းတွေကိုလည်း အတူတူဖျော်ဖြေလျက်ရှိနေတယ်လို့သိရပါတယ်။ Work , Too Good စတဲ့ သီချင်းတွေမှာလည်း သူတို့နှစ်ယောက်ဟာ အလုပ်အတူတူလုပ်ခဲ့ကြပြီး ၊ နောက်ပိုင်းမှာတော့ ပြန်လည်တွဲခုတ်နေခဲ့တာပါ။ ရီဟားနားနဲ့ ရင်သွေးလေးယူဖို့နဲ့ ပတ်သက်ပြီးတော့လည်း Drake က ရင်သွေးလေးမလိုအပ်သေးပါဘူးလို့လည်း ပြောကြားသွားခဲ့ပါတယ်။

( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Aceshowbiz