Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဟောလီးဝုဒ်မှာ ဝင်ငွေအကောင်းဆုံး မင်းသားဖြစ်လာတဲ့ Dwayne “The Rock” Johnson

ဟောလီးဝုဒ်မှာ ဝင်ငွေအကောင်းဆုံး မင်းသားဖြစ်လာတဲ့ Dwayne “The Rock” Johnson

| No comment

နောက်တစ်ခါ တစ်ယောက်ယောက်က အားကစားသမားတွေ သရုပ်မဆောင်တတ်ပါဘူး လို့ပြောလာရင် Dwayne “The Rock” Johnson ကို လက်ညိုထိုးပြလို့ရပါပြီ။

The Miami Hurricanes ဘောလုံကစားသမားတစ်ဖြစ်လဲ နပမ်းသမားတစ်ဖြစ်လဲ အက်ရှင်သရုပ်ဆောင် စူပါစတားဟာ ခုတော့ Forbes က နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ဝင်ငွေအကောင်းဆုံး အမျိုးသားသရုပ်ဆောင်စာရင်းမှာ မနှစ်က ထိပ်ဆုံးရခဲ့တဲ့ Robert Downey Jr. ကို ကျော်တက်ပြီး ထိပ်ဆုံးကရပ်တည်နေပါတယ်။

Johnson က မနှစ်က ဒေါ်လာ ၆၄.၅ သန်း ရရှိခဲ့ပြီး အရင်တုန်းကရရှိခဲ့တာတွေထက် နှစ်ဆရရှိခဲ့ကြောင်း Forbes က သတင်းပို့ပါတယ်။

ဒါက လုံးဝအံ့အားသင့်စရာကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့The People’s Champion ဟာ Central Intelligence ၊ ဟာသသရုပ်ဆောင် Kevin Hart နှင့်အတူ ပါဝင်ထားတဲ့ Baywatch ရုပ်ရှင်ကားကြီး ၊ ရန်ဖြစ်ဖော်သူငယ်ချင်း Vin Diesel နှင့်အတူ ပါဝင်ထားတဲ့ the Fast and the Furious ဇာတ်လမ်းတွဲ နောက်ဆက်တွဲ Fast 8 ဇာတ်ကားတွေထဲက ဇာတ်ရုပ်တွေအတွက် ကြိုတင်ပေးချေငွေ ရထားပြီးသားဖြစ်တာကြောင့်ပါ။

အခု ဒုတိယ Season ရောက်နေပြီဖြစ်တဲ့ HBO ရဲ့ Ballers ဇာတ်လမ်းတွဲမှာ မနှစ်က ဦးဆောင်ပါဝင်ခဲ့တာရယ်၊ ကိုယ်ပိုင် ကာယလေ့ကျင့်ခန်း အသုံးအဆောင်ထုတ်ဖို့ Under Armour နှင့် ကြော်ငြာ စာချုပ်ချုပ်ခဲ့တာတွေကို ထည့်ပြောစရာတောင်မလိုပါဘူး။ “Project Rock Collection”  မှာ လေ့ကျင့်ခန်းဆင်းတဲ့ ဖိနပ်နှင့် Johnson ရဲ့အားကစားသမားဘဝကို ပြသတဲ့ ကျန်းမာရေးနှင့် သင့်တော်တဲ့ ကြော်ငြာတွေပါဝင်ပါတယ်။

Forbes မှာပါတဲ့နောက်တစ်ယောက် ကွန်ဖူးမာစတာ Jackie Chan ကတော့ တရုတ်ဈေးကွက်မှာ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေရဲ့ အထောက်အပံ့နှင့် ဒေါ်လာ ၆၁ သန်း ရရှိပြီး ဒုတိယနေရာမှာရပ်တည်နေပါတယ်။ “Jason Bourne” မင်းသား Matt Damon  ကတော့ ဒေါ်လာ ၅၅ သန်းနှင့် တတိယနေရာမှာ ရပ်တည်နေပါတယ်။

Forbes ရဲ့ကြေညာချက်အရ အက်ရှင်သရုပ်ဆောင် Tom Cruise နှင့် Johnny Depp တို့ကတော့ နံပါတ် ၄ နှင့် ၅ နေရာမှာ ဒေါ်လာ ၅၃ သန်းနှင့် ဒေါ်လာ ၃၈  သန်းနှင့် အသီးသီး ရပ်တည်နေပါတယ်။ Disney ရဲ့ Star Wars: The Force Awaken ဇာတ်ကားမှာ ဇာတ်ပို့ Han Solo အဖြစ်ပါဝင်ခဲ့တဲ့အတွက် Harrison ford က စာရင်ထဲမှာ ၂၀၀၉ ခုနှစ်က ပါဝင်ခဲ့ပြီးကတည်း က ပထမဆုံးအဖြစ် နံပါတ် ၆ မှာ ရပ်တည်နေပါတယ်။

Diesel ကိုယ်တိုင်ကတော့ နံပါတ် ၇ မှာ ဒေါ်လာ ၃၅ သန်းနှင့် ရပ်တည်နေပါတယ်။ သူ့နောက်မှာတော့ Downey နှင့် ဘောလီးဝုဒ် သရုပ်ဆောင် Sha Rukh Khan တို့က နံပါတ် ၈ မှာ ဒေါ်လာ ၃၃ သန်းနှင့် ပူးတွဲရပ်တည်နေပါတယ်။

ဘောလီးဝုဒ် သရုပ်ဆောင် Akshay Kumar နှင့် Brad Pitt တို့က နံပါတ် ၁၀ မှာ ဒေါ်လာ ၃၁ သန်းနှင့် ပူးတွဲရပ်တည်နေပါတယ်။

ဝင်ငွေအကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် Jennifer Lawrence ကတော့ ဒီနှစ်မှာ ဒေါ်လာ ၄၆ သန်းသာ ရရှိခဲ့ပြီး ဝင်ငွေအကောင်းဆုံး အမျိုးသားသရုပ်ဆောင်ထက် ၇၁% လျော့နည်းကြောင်း Forbes က သတင်းပို့ပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Fortune