Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Game Of Thrones ဇာတ်လမ်းတွဲ Season 8 တွင်ဇာတ်သိမ်းမည်ဖြစ်ကြောင်း HBO အတည်ပြု

Game Of Thrones ဇာတ်လမ်းတွဲ Season 8 တွင်ဇာတ်သိမ်းမည်ဖြစ်ကြောင်း HBO အတည်ပြု

| No comment

HBO က နောက်ထပ် Season ၂ ခုအပြီးမှာ အဆုံးသတ်မည်ဖြစ်ကြောင်း ကြေညာချက်နှင့်အတူ Game Of Thrones ဇာတ်လမ်းတွဲ ပရိသတ်တွေအတွက် ဆောင်းရာသီရောက်လာပါတော့မယ်။ Los Angeles မှာကျင်းပတဲ့ TV Critics Association press tour မှာ HBO အစီအစဉ် ဥက္ကဌ Casey Bloysက ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဇာတ်လမ်းတွဲစီစဉ်သူ D.B Weiss နှင့် David Benioff တို့က သူတို့လုပ်ချင်တဲ့ Season အရေအတွက်အတိအကျ ရှိပြီးသားဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ “ကျွန်တော်သာ သူတို့ကို ပိုလုပ်ခိုင်းနိုင်ရင် Season ၁၀ ခုလောက်ထိဖြစ်စေချင်တာပါ။ ဒါပေမယ့် သူတို့လုပ်နိုင်တာနဲ့ ဒီဇာတ်လမ်းတွဲအကောင်းဆုံးဖြစ်အောင် သူတို့ရဲ့ ဦးဆောင်မှုနောက်ကိုပဲလိုက်ချင်ပါတယ်” လို့ Bloys ကပြောပါတယ်။

အရင်ကကြေညာထားတဲ့အတိုင် ၇ခုမြောက် Season မှာ အပိုင် ၇ ပိုင်းသာပါမှာဖြစ်ပြီး၊ ဇာတ်လမ်းတွဲစီစဉ်သူတွေအတွက် ဇာတ်လမ်းနှင့်ကိုက်ညီဖို့အတွက် ပိုအေးတဲ့ရာသီဥတုကို စောင့်ဖို့လိုတာကြောင့် ထုတ်လွှင့်နေကြ နွေဦးထက်နောက်ကျပြီး ၂၀၁၇ ခုနှစ် နွေရာသီမှာထုတ်လွှင့်မှာပါ။

၈ ခုမြောက်နှင့် နောက်ဆုံး  Season အတွက်တော့ အပိုင်ဘယ်လောက်ပါဝင်မယ်ဆိုတာ မဆုံးဖြစ်ရသေးပေမယ့် spinoff လုပ်ဖို့ ဖြစ်နိုင်ခြေရှိကြောင်း Bloys ကပြောပါတယ်။

“ဒီအကြောင်းကို ပြောဖူးပါတယ်။ ကျွန်တော်ကတော့ မဆန့်ကျင်ပါဘူး။ ဒါပေမယ့် တီထွင်မှုအရ အဓိပ္ပာယ်တော့ရှိရမှာပေါ့။ ထုတ်လုပ်မှုစတင်ခါနီးမှာ သူတို့ဒီအကြောင်း မစဉ်းစားနိုင်လောက်သေးဘူး ထင်ပါတယ်။ ကျွန်တော်တို့လုပ်ချင်ပေမယ့် လတ်တလောတော့ တိကျတဲ့အစီအစဉ်မရှိသေးပါဘူး” လို့ ‘GoT’ spinoff နှင့်ပတ်သတ်ပြီးပြောပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)


Ref : Etcanada