Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Harry Potter အဆုံးသတ်ပြီဖြစ်ကြောင်း J.K. Rowling ကြေညာ

Harry Potter အဆုံးသတ်ပြီဖြစ်ကြောင်း J.K. Rowling ကြေညာ

| No comment

အားလုံးပဲ Harry Potter and the Cursed Child စာအုပ်အသစ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားကြပါတော့။ အနှစ် ၂၀ နီးပါ၊ ဝတ္ထုစာအုပ် ၇ အုပ်၊ ရုပ်ရှင်ဇာတ်ကား ၈ ကား နှင့် ကမ္ဘာတစ်လွှားမှာရှိတဲ့ theme park attractions တွေအပြီးမှာတော့ မှော်ဆရာကောင်လေးကို ဗဟိုပြုထားတဲ့ လမ်းကြောင်းကို ချဲ့ထွင်လို့ပြီးသွားပြီဖြစ်ကြောင်း J.K. Rowling ကကြေညာခဲ့ပါတယ်။

စနေနေ့က လန်ဒန်မြို့မှာကျင်းပတဲ့ Cursed Child ပြဇာတ်ပွဲဦးထွက်ပြသပွဲမှာ “Harry က ဒီပြဇာတ် ၂ခုမှာ အလွန်ကြီမားတဲ့ ခရီးတစ်ခုကိုထွက်ခဲ့ပါတယ်။ အဲ့ဒီနောက် ဒါဟာအဆုံးသတ်ပဲလို့ ထင်ပါတယ်” လို့ Rowling ကပြောကြားခဲ့ပါတယ်။

Cursed Child ပြဇာတ်ကို တစ်လကျော်လောက်အစမ်းပြသခဲ့ပြီး ပရိသတ်တွေအတွက် တရားဝင်စတင်ပြသတဲ့နေ့မှာ Rowling ကကြေညာခဲ့တာဖြစ်ပါတယ်။ Harry ရဲ့ဇာတ်လမ်းကို ပြဇာတ်နှင့်အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်းကိုဆက်လက်ပြောပြရာမှာ “သိတဲ့အတိုင်း ဒါကတော့ မျိုးဆက်သစ်တွေပါ။ ဒါကို သဘောပေါက်ကျကြတာကို ကြည့်ရတာ စိတ်လှုပ်ရှားမိပါတယ်။ ဒါပေမယ့် အခုတော့ Harry ကအဆုံးသတ်သွားပါပြီ” လို့ပြောခဲ့ပါတယ်။

ဝေဖန်သူတွေဆီက ရလဒ်ကောင်းတွေနှင့် ကြိုတင်မှာယူမှုစံချိန်တွေကို ချိုးနိုင်ခဲ့တဲ့ Cursed Child ပြဇာတ်ရဲ့ ပုံနှိပ်ထားတဲ့ ဇာတ်ညွှန်းအပိုင်း ၁ နှင့် ၂ ကို တနင်္ဂနွေနေ့ ညသန်းခေါင်မှာ စတင်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ တောက်လျှောက်ကပြမယ့် ဒီပြဇာတ်ဟာ နောက်ဆုံးဝတ္ထုဖြစ်တဲ့ Harry Potter and the Deathly Hollows အပြီး ၁၉ နှစ်ကြာမှာဖြစ်ပွားတဲ့ Harry ၊ Ron နှင့် Hermione တို့ရဲ့ ဇာတ်လမ်းဖြစ်ပြီး Harry ရဲ့သား Albus ကိုလည်းအဓိကထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

Harry Potter and the Cursed Child ကို လန်ဒန်မြို့က Palace Theatre မှာ ကပြလျက်ရှိပါတယ်။ လက်ရှိမှာ လက်မှတ်တွေကတော့ ရောင်းကုန်သွားပြီဖြစ်ပြီး ထိုင်ခုံပေါင်း ၂၅၀၀၀၀ ခုံ အတွက် ဩဂုတ်လ ၄ ရက်ကစတင်ပြီး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)


Ref : EW