Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Infiniti အမှတ်တံဆိပ် Sport Type အမျိုးအစားကားအသစ်ကို ရောင်းချဖို့ John Snow က ကူညီခဲ့

Infiniti အမှတ်တံဆိပ် Sport Type အမျိုးအစားကားအသစ်ကို ရောင်းချဖို့ John Snow က ကူညီခဲ့

| No comment

Car in the North! အမည်ဖြင့် “ Game of Thrones “ ဇာတ်လမ်းတွဲရဲ့ နာမည်ကျော် ဇာတ်ကောင်ဖြစ်သူ John Snow က Infiniti Q60 အမည်ရှိ နောက်ဆုံးထုတ်မော်ဒယ်လ် ကားကို မောင်းနှင်ပေးဖို့ သဘောတူစာချုပ် ချုပ်လိုက်ကြပါတယ်။

John Snow အဖြစ် သရုပ်ဆောင်သူ Kit Harrington က ဒီကားကြော်ငြာမှာ ပါဝင်ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။
Kit Harrington ဟာ Infiniti Q60 ကားကို အဝေးပြေး လမ်းမတစ်လျှောက် အချိုးအကွေ့တွေကို အရှိန်အဟုန်နဲ့ ဖြတ်သန်းမောင်းနှင်နေပြီး ကားမောင်းနေစဉ်အတွင်း William Blake ရဲ့ “The Tiger “ ဆိုတဲ့ ကဗျာကို ရွတ်ဆိုနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ အနေနဲ့ ဒီ ကားမော်ဒယ်လ်အသစ်ဖြစ်တဲ့ Q60 အတွက် အလွန်စိတ်လှုပ်ရှားမိပါတယ်.. Infiniti ကို ခုလို အားလုံးအစုံအလင် ပါဝင်လာတဲ့ပုံစံကို တွေ့ရတာ ပိုပြီးရင်ခုန်စိတ်လှုပ်ရှားမိပါတယ်လို့လည်း ထုတ်ဖော်ရေးသားထားပါသေးတယ်။

( Michelle )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Car Buzz