Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Infinity War ဇာတ်ကားမှာ Avengers နှင့် Guardians of the Galaxy ဇာတ်ကောင်များအတူပူးပေါင်းမည်

Infinity War ဇာတ်ကားမှာ Avengers နှင့် Guardians of the Galaxy ဇာတ်ကောင်များအတူပူးပေါင်းမည်

| No comment

Vin Diesel က Facebook တိုက်ရိုက်ထုတ်လွှင့်မှုမှာ Marvel Cinematic Universe ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အတည်ပြုမှုတစ်ခုကို ကြေညာခဲ့ပါတယ်။ Fast and Furious ဇာတ်လမ်းတွဲတွေမှာပါဝင်ခဲ့တဲ့ သရုပ်ဆောင်ရဲ့ ပြောဆိုချက်အရ Joe နှင့် Anthony Russo တို့ရဲ့ Avengers: Infinity War ဇာတ်ကားတွင် Avengers နှင့် Guardians of the Galaxy ဇာတ်ကောင်များအတူပူးပေါင်းပါဝင်မှာဖြစ်ပါတယ်။

Marvel Studio နှင့်အတူ ခုထိ အလုပ်တွဲလုပ်ခဲ့တဲ့ အချိန်တွေကို စဉ်းစားပြီး “Avengers: Infinity War ဇာတ်ကားမှာ Guardians တွေပါဝင်မှာဖြစ်ပြီး ဒါကတော့ အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်” လို့ Diesel က ပြောပြခဲ့ပါတယ်။

Cinema Blend က Russo ညီနောင်နှင့် တွေ့ဆုံပြီး ဘာကြောင့် Avengers ဇာတ်ကားနှစ်ကားထဲက ပထမတစ်ကားကိုသာ Infinity War အမည်ပေးရကြောင်း ရှင်းလင်းချက်ရရှိခဲ့ပါတယ်။

“ကျွန်တော်တို့က ဇာတ်ကားကို မတူညီဘဲ ကွဲပြားခြားနားတာ သိသာစေချင်လို့ပါ။ ဇာတ်ကောင်တွေနှင့် ဇာတ်လမ်းပိုင်းတွေကြားမှာတော့ သေချာပေါက် ဆက်စပ်မှုရှိပါတယ်။ ဒါပေမယ့် သိတဲ့အတိုင်းပဲ ပထမဇာတ်ကားက ရှင်းရှင်းလင်းလင်း Avengers: Infinity War ဖြစ်ပြီးတော့ ဒုတိယကားကတော့ ဘာဖြစ်မယ်ဆိုတာ အချိန်မှီ ကြေညာမှာပါ။ သိလာရမှာပါ။ ဒါပေမယ့် တော်တော်လေးတော့ စောင့်ရဦးမယ်” လို့ Joe Russo ကပြောပြခဲ့ပါတယ်။

ခုချိန်မှာတော့ ၂၀၁၉ ခုနှစ် မေလ ၃ ရက်မှာ ထွက်ဖို့စီစဉ်ထားတဲ့ ဒုတိယဇာတ်ကားကို Untitled Avengers လို့ပဲ ယာယီခေါ်မှာဖြစ်ကြောင်း ပြီးခဲ့တဲ့လက ဖော်ပြခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားမှာလည်း Avengers နှင့် Guardians of the Galaxy ဇာတ်ကောင်များအတူပူးပေါင်းပါဝင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

Infinity War ဇာတ်ကားနှစ်ကားရဲ့ ရိုက်ကူးရေးကို Atlanta, Georgia မှာ ဒီနှစ် နိုဝင်ဘာမှာ စတင်မှာဖြစ်ပြီး နှစ်ကားစလုံးကို ဆက်တိုက်ရိုက်ကူးမှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ တစ်ကိုယ်တော်ဇာတ်ကားမထွက်ခင် Captain Marvel လည်းပါဝင်မယ်ဆိုတာ သိရပေမယ့် နှစ်ကားစလုံးရဲ့ အဓိကဇာတ်ကောင်တွေက ဘယ်သူတွေဖြစ်မလည်ဆိုတာကိုလည်း စောင့်ကြည့်ရမှာပါ။

ဇာတ်ကားနှစ်ကားစလုံးကို Christopher Markus နှင့် Stephen McFeely တို့က ဇာတ်ညွှန်းရေးသားပြီး IMAX နှင့် အပြည့်အဝ ရိုက်ကူးဖို့စီစဉ်ထားပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Comingsoon