Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Instagram မှာ ဆိုးရွားတဲ့ဝေဖန်ချက်တွေကို မရပ်ရင် အကောင့်ကို private လုပ်ပစ်မယ်လို့ JB သတိပေး

Instagram မှာ ဆိုးရွားတဲ့ဝေဖန်ချက်တွေကို မရပ်ရင် အကောင့်ကို private လုပ်ပစ်မယ်လို့ JB သတိပေး

| No comment

Justin Bieber ကတော့ သူ့ရဲ့ ချစ်သူဖြစ်နိုင်ခြေရှိတဲ့ Sofia Richie ကို ရည်ရွယ်တဲ့ မကောင်းတဲ့ဝေဖန်ချက်တွေ ရေးတာကို သည်းမခံနိုင်တော့ပါဘူး။ ဒီတစ်ပတ်ကုန်က သူ့ရဲ့ Beliebers တွေဆီကို ရေးတဲ့စာထဲမှာ တဖျစ်တောက်တောက်ပြောနေတာတွေကို မရပ်ရင် သူ့ရဲ့ Instagram account ကို private လုပ်မည်ဖြစ်ကြောင်း ကြိမ်းဝါခဲ့ပါတယ်။

“မုန်းနေတာတွေ မရပ်ရင် ကျွန်တော့် Instagram ကို private လုပ်လိုက်တော့မယ်။ ဒါကတော်တော်လွန်နေပြီ။ တကယ့်ပရိသတ်တွေသာဆိုရင် ကျွန်တော်သဘောကျတဲ့သူတွေကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံမှာမဟုတ်ဘူး” လို့ သူနှင့် Richie အတူရိုက်ထားတဲ့ အဖြူအမည်းဓာတ်ပုံတွေကို အဆက်လိုက်တင်ပြီးတဲ့နောက်မှာ ရေးသားခဲ့ပါတယ်။

သူတို့နှစ်ယောက်ကို ဓာတ်ပုံအတူရိုက်မိပြီးကတည်းက ပရိသတ်တွေက Richie ကိုနာမည်အမျိုးမျိုးခေါ်ပြီး Bieber ရဲ့ account မှာ ဝေဖန်ချက်တွေချန်ခဲ့ကြတာပါ။ “Sofia နဲ့ လမ်းခွဲဖို့ပြောနေတာမဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်အတွက်နဲ့ Beliebers မိသားစုကနေ ခွဲမထွက်သင့်ဘူလို့ ပြောတာပါ” လို့ ဝေဖန်ချက်တစ်ခုက ရေးသားထားပြီး နောက်တစ်ခုကတော့ ရည်စားဟောင်း Hailey Baldwin က ပိုသာကြောင်းရေးသားထားပါတယ်။

Lionel Richie ရဲ့သမီး၊ Nicole Richie ရဲ့အစ်မ ဖြစ်တဲ့ Sofia က လတ်တလော ဂျပန်မှာ Bieber နှင့်တွဲရိုက်ထားတဲ့ ဓာတ်ပုံကို တင်ခဲ့ပါတယ်။


( RII )


#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW