Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဝင်ငွေအကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်စာရင်းမှာ ၂ နှစ်ဆက်တိုက် ထိပ်ဆုံးကရပ်တည်ခဲ့တဲ့ Jennifer Lawrence

ဝင်ငွေအကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်စာရင်းမှာ ၂ နှစ်ဆက်တိုက် ထိပ်ဆုံးကရပ်တည်ခဲ့တဲ့ Jennifer Lawrence

| No comment

Forbes က နှစ်စဉ်တိုင်းမှာ တစ်ကမ္ဘာလုံးက ဝင်ငွေအကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် ၁၀ ယောက်စာရင်းကို ကြေညာလေ့ရှိပါတယ်။ အရင်နှစ်တွေတုန်းက နံပါတ် ၁ ရရှိခဲ့တဲ့ သူတွေကတော့ Angelina Jolie၊ Sandra Bullock နှင့် Kristen Stewart တို့ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ကတော့ Jennifer Lawrence ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ရခဲ့တဲ့ ထိပ်ဆုံးနေရာကို ထိန်းထားနိုင်ခဲ့ပါတယ်။

Forbes ရဲ့ကြေညာချက်အရ Jennifer က ၂၀၁၆ ခုနှစ်မှာ ဒေါ်လာ ၄၆ သန်း (အခွန်မဆောင်ခင်) ရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့တဲ့ ဝင်ငွေ ဒေါ်လာ ၅၂ သန်း ထက်တော့နည်းသွားပေမယ့် ထိပ်ဆုံးနေရာကိုတော့ ထိန်းထားနိုင်ခဲ့ပါတယ်။

နံပါတ် ၂ နေရာမှာတော့ ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တဲ့ ဒေါ်လာ ၂၃ သန်း ထက် ၁၀ သန်း ပိုရရှိခဲ့တဲ့ Melissa McCarthy က ဒေါ်လာ ၃၃ သန်း နှင့်ရပ်တည်နေပါတယ်။ တတိယနေရာမှာတော့ Scarlett Johansson က ဒေါ်လာ ၂၅ သန်း နှင့်ရပ်တည်နေပါတယ်။

စာရင်းထဲမှာပါဝင်တဲ့ တခြားလူသိများတဲ့သူတွေကတော့ Amy Adams၊ Mila Kunis နှင့် Jennifer Aniston တို့ဖြစ်ပါတယ်။ Blink အဖြစ် X-Men: Days of Future Past ထဲမှာပါဝင်ခဲ့တဲ့ တရုတ်မင်းသမီး Fan BingBing လည်းပါဝင်ခဲ့ပြီး အိန္ဒိယမင်းသမီး Deepika Padukone ကတော့ ဒေါ်လာ ၁၀ သန်း နှင့် နံပါတ် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

ဒီအမျိုးသမီးတွေကို သူ့တို့ရဲ့အလုပ်အတွက်ရရှိတဲ့ ဝင်ငွေကို အသိအမှတ်ပြုတာလည်း အရေးပါပေမယ့် ဟောလီးဝုဒ်မှာဖြစ်နေတဲ့ အမျိုးသားနှင့် အမျိုးသမီးကြားက ဝင်ငွေကွာဟမှုကို သတိရဖို့လည်း အရေးကြီးပါတယ်။ (​ဥပမာပြောရရင် ၂၀၁၅ ခုနှစ်မှာ Robert Downey Jr. က ဒေါ်လာ သန်း  ၈၀ ဝင်ငွေရရှိခဲ့ပါတယ်။

 အဲ့ဒီအချိန်မှာ Forbes က ဝင်ငွေအကောင်းဆုံး အမျိုးသားသရုပ်ဆောင်စာရင်းကို မထုတ်ပြန်ရသေးပါဘူး။)
တိုက်ဆိုင်စွာပဲ Jennifer Lawrence က မနှစ်က ဝင်ငွေကွာဟမှုအကြောင်းကို ထုတ်ပြောခဲ့ပါတယ်။ သူက Lena Dunham ရဲ့ Lenny newsletter အတွက် “Why Do I Make Less Than My Male Co-Stars?” ဆိုတဲ့ ခေါင်းစဉ်နှင့် စာရေးသားခဲ့ပါတယ်။

စာထဲမှာတော့ Jennifer က ဝင်ငွေမျှတစွာရရှိရေးအတွက် ပြောဆိုရတာ ခက်ခဲသော်လည်း သူကိုယ်တိုင် အဲဒီအတွက် ထောက်ခံပြောဆိုတာဟာ ဖြစ်သင့်တာပဲဆိုတာ သိကြောင်း ဖော်ပြခဲ့ပါတယ်။

“ကိုယ့်ထင်မြင်ချက်ကို လူသဘောကျအောင် ပြောဖို့အတွက် နည်းလမ်းရှာရတာမျိုးနှင့် သဘောကျအောင်နေတာမျိုး မလုပ်တော့ဘူး။ ဘယ်လိုရှုထောင့်ကနေပြောရင် လူတွေနားထောင်မလဲလို့ အချိန်ကုန်ခံပြီး ချိန်ဆနေစရာလိုတဲ့ တာဝန်ရှိယောက်ျားမျိုးအတွက် အလုပ် မလုပ်ဖူးဘူးထင်တယ်” လို့ Jennifer က ရေးသားခဲ့ပါတယ်။

Jennifer လို အမျိုးသမီးတွေက ဒီအကြောင်းကို များများပြောလာကြမယ်ဆိုရင် ဟောလီးဝုဒ်မှာသာမကဘဲ နေရာတိုင်းမှာ အမျိုးသမီးတွေအတွက် ဝင်ငွေကွာဟမှုဟာ ဦးစားပေးကိစ္စဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : TeenVogue