Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ဒေါကန်နေတဲ့ Johnny Depp ရဲ့ ဗီဒီယို ထွက်ပေါ်လာမှုအပေါ် Amber Heard ငြင်းဆို

ဒေါကန်နေတဲ့ Johnny Depp ရဲ့ ဗီဒီယို ထွက်ပေါ်လာမှုအပေါ် Amber Heard ငြင်းဆို

| No comment

ရုပ်ရှင်စတားတစ်ယောက်ဖြစ်တဲ့ Johnny Deep နဲ့ ကွာရှင်းပြတ်ဆဲထားတဲ့ မင်းသမီး Amber Heard တစ်ယောက် ဒေါသထွက်  ရန်လိုနေတဲ့ သူ့ယောင်္ကျားရဲ့ ဗီဒီယိုကို လူထုဆီချပြလိုက်ပါတယ်တဲ့။

 ‘ဒီဗီဒီယို ထွက်ပေါ်လာတာဟာ ကျွန်မနဲ့မဆိုင်ပါဘူး။ ဒါက ကျွန်မလိုချင်ခဲ့တဲ့အရာမဟုတ်သလို အင်တာနက်ပေါ်ကနေ ဒီဗီဒီယို ဖျက်ပေးဖို့ကို ကျွန်မတက်နိုင်သလောက် လုပ်နေပါတယ်’ လို့ Amber က ပြောပါတယ်။

 ‘စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာတွေ ၊ မီဒီယာတွေရဲ့ ကျွန်မအပေါ် ထင်မြင်ချက်၊ ယူဆချက်တွေ ၊ တွန်းအားပေးမှုတွေက လအနည်းငယ်တော့ ကျွန်မအတွက်ခက်ခဲခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်မအတွက် စိတ်ချမ်းသာစေမယ့်အရာတွေပဲ လုပ်မယ်လို့ စိတ်ဆုံးဖြတ်ထားတယ်။ Depp အတွက်လည်း ဒီကိစ္စကို   တက်နိုင်သမျှ သိုသိုသိပ်သိပ် ဖြေရှင်းချင်ပါတယ်။’ လို့လည်း ထပ်ဆင့်ပြောခဲ့ပါတယ်။

ဗီဒီယို ထဲမှာတော့ Jonny Depp ရဲ့ ဆဲဆိုနေတာတွေ ၊ ကျိန်ဆဲနေတာတွေ ၊ မီးဖိုချောင်တံခါးတွေကို စောင့်တွန်း စောင့်ပိတ်တာတွေ ၊ ၀ိုင်ပုလင်းနဲ့ ခွက်တွေကို ခွဲပစ်နေတဲ့ ပုံရိပ်တွေ ပါဝင်ပါတယ်တဲ့။

အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ Depp နဲ့ အသက် ၃၀ ရှိပြီဖြစ်တဲ့ Heard တို့ဟာ ၂၀၁၅ မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး တစ်နှစ်ကျော်ကြာပြီးနောက်မှာ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။


( Michelle )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : UPI