Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ဂင်းနစ် ကမ္ဘာစံချိန် (၈) ခါတင်ခဲ့တဲ့ Justin Bieber

ဂင်းနစ် ကမ္ဘာစံချိန် (၈) ခါတင်ခဲ့တဲ့ Justin Bieber

| No comment

ကမ္ဘာစံချိန် တစ်ကြိမ်တင်တာတောင် အထင်ကြီးစရာကောင်းတယ်ဆိုရင် (၈) ခါဝင်ခဲ့တဲ့ Justin Bieber ကို နိုင်အောင်ကြိုးစားကြည့်ပါ။

ကနေဒါလူငယ်အဆိုတော်ဟာ အရမ်းအောင်မြင်တဲ့ စတူဒီယို အယ်လ်ဘမ် “Purpose”နှင့် ဂင်းနစ် ကမ္ဘာစံချိန် အနည်းငယ်တင်ခဲ့ပါတယ်။ Bieber က ၂၀၁၇ ခုနှစ်မှာ ထွက်ရှိမည့် The Guinness World Records မှာ အသိအမှတ်ပြုခံရမှာပါ။ သူ့ရဲ့အောင်မြင်တဲ့ “What Do You Mean?” သီချင်းက Spotify မှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး ၇ ရက်အတွင်း အကြိမ်ရေပေါင်း ၃၀,၇၂၃,၇၀၈ ခါ နားထောင်မှုနှင့် “Spotify တွင် တစ်ပတ်အတွင်း နားထောင်သူအများဆုံး သီချင်း” ဖြစ်လာပါတယ်။

“Purpose” အယ်လ်ဘမ်ကလည်း အကြိမ်ရေပေါင်း ၂၀၅ သန်း နားထောင်မှုနှင့်အတူ “Spotify တွင် တစ်ပတ်အတွင်း နားထောင်သူအများဆုံး အယ်လ်ဘမ်” အဖြစ်စံချိန်တင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်ကလည်း Bieber က “သီချင်း ၁၇ ပုဒ်လုံး US single chart မှာ တစ်ပြိုင်တည်းဝင်ခဲ့တဲ့” ပြိုင်ဘက်ကင်း စံချိန်တင်ခဲ့ပါတယ်။

“တစ်ကိုယ်အဆိုတော်တစ်ယောက်အနေနှင့် Hot 100 မှာ အသစ်ထွက်တဲ့ သီချင်း ၁၃
ပုဒ်လုံး တစ်ပြိုင်တည်းဝင်ခဲ့တဲ့” စံချိန်တင်ခဲ့တာကိုလည်းေ မ့ထားလို့မရပါဘူး။

“Purpose” သီချင်းအဆိုတော်ဟာ “UK single chart မှာ ထိပ်ဆုံး ၃ နေရာကို တစ်ပြိုင်တည်းဝင်ခဲ့တဲ့ ပထမဆုံးသူ” ၊ “Twittter တွင် followers အများဆုံး အမျိုးသား” ၊ “Youtube တွင် ကြည့်ရှုသူအများဆုံး music channel” နှင့် “Youtube တွင် subscribers အများဆုံး အမျိုးသား ဂီတပညာရှင်”
စံချိန်တွေကိုလည်း တင်နိုင်ခဲ့ပါတယ်။


( RII )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : ET Canada