Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Lady Gaga ရဲ့ တစ်ကိုယ်တော်သီချင်းသစ် ယခုလအတွင်း ထွက်ရှိမည်

Lady Gaga ရဲ့ တစ်ကိုယ်တော်သီချင်းသစ် ယခုလအတွင်း ထွက်ရှိမည်

| No comment

နာမည်ကျော်အဆိုတော် Lady Gaga ရဲ့ သီချင်းသစ်တစ်ပုဒ်ကတော့ ဒီလအတွင်းမှာ ထွက်ရှိလာဖွယ်ရှိနေပါတယ်။ Mother Monster (Lady Gaga) ရဲ့ သီချင်းသစ် အခုလို ထွက်ရှိလာမယ်ဆိုတဲ့ သတင်းကတော့ Mix 96.1 FM ရေဒီယိုရဲ့ တင်ဆက်သူတစ်ယောက်ဖြစ်သူ ချေ့စ်မာဖီဆီကနေ ပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။

ဂါဂါကတော့ ၂၀၁၆ ခုနှစ်အတွင်းမှာ သူမရဲ့ ပဉ္စမမြောက်အယ်လ်ဘမ်ထွက်ရှိသွားမယ်လို့ အတည်ပြုပြောကြားထားပြီး ဒီအယ်လ်ဘမ်မှာတော့ နောက်ထပ်နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ Mark Ronson နဲ့အတူ collab ပြုလုပ်ထားတဲ့ သီချင်းအမိုက်စားတစ်ပုဒ်လည်း ပါဝင်လာမယ်လို့ သိရပါတယ်။ Ronson ရဲ့ ပြောကြားချက်အရတော့ လေဒီဂါဂါနဲ့ အလုပ်လုပ်ရတာဟာ အရမ်းကို ပညာလည်း ရသလို ၊ music သမားတစ်ယောက်ရဲ့ အလုပ်အပေါ်လေးစားမှုတွေ ၊ ပေးဆပ်မှုတွေကို သင်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော့ လေဒီဂါဂါဟာ ၂၀၁၇ အစောပိုင်းမှာထွက်ရှိမယ့် စုံတွဲခွေအတွက်  အဆိုတော်တစ်ယောက်ဖြစ်တဲ့ တိုနီဘန်းနက်နဲ့လည်း ပူးပေါင်းပြီး သီချင်းတွေကို ပြင်ဆင်လျက်ရှိနေတယ်လို့ သိရပါတယ်။ ဘန်းနက်ကတော့ “သူမအရမ်းအလုပ်ရှုပ်နေပါပြီ။ ကျွန်တော်တို့ နောက်နှစ်အစောပိုင်းမှာ အတွဲခွေတစ်ခုကို ပြင်ဆင်နေပါတယ်။ ဒီခွေကို သန်းချီရောင်း၇ဖို့လည်း မျှော်မှန်းထားပါတယ်။ နှစ်ယောက်လုံးအတွက် အကောင်းဆုံး သီချင်းတွေဖြစ်လာမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Aceshowbiz