Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Lady Gaga သီချင်းသစ်ထွက်ရှိမည်

Lady Gaga သီချင်းသစ်ထွက်ရှိမည်

| No comment

Lady Gaga က သီချင်းသစ်ထွက်တော့မှာဖြစ်ပြီး အဲ့ဒီသီချင်းသစ်ကို နောက်လမှာ ထွက်ရှိမည့်အကြောင်းကို Instagram မှာ ကြေညာခဲ့ပါတယ်။

“Perfect Illusion” လို့ အမည်ပေးထားတဲ့ ဒီသီချင်းသစ်ဟာ အသစ်ထွက်မည့် ၅ ခွေမြောက်သီချင်းခွေထဲမှာပါဝင်တဲ့ ပထမဆုံးသီချင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ “G.U.Y” ထွက်ပြီးနောက်မှာ ပထမဆုံးထွက်လာတာလည်းဖြစ်ပါတယ်။

Gaga က Instagram ကြေညာချက်မှာ တီထွင်ဆန်းသစ်မှုတွေ ပေါင်းထည့်ပြီး ဓာတ်ပုံတစ်ပုံထဲမဟုတ်ဘဲ အများကြီးတင်ခဲ့ပြီး သူမရဲ့ Instagram စာမျက်နှာမှာ ခြုံကြည့်လိုက်တဲ့အခါမှာတော့ ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်။

ဒီသတင်းကို ကြေညာပြီးနောက်မှာတော့ ပရိသတ်တွေက အချိန်ကြာကြီးစောင့်ခဲ့ရတဲ့ သီချင်းသစ်အတွက် စိတ်အားထက်သန်မှုကို မထိန်းနိုင်တော့ဘဲ သူတို့ရဲ့စိတ်လှုပ်ရှားမှုတွေကို twitter မှာ မျှဝေဖော်ပြခဲ့ကြပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : ET Canada