Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Louisiana မြို့ရေဘေးကယ်ဆယ်ရေးအတွက် Taylor Swift က ဒေါ်လာ တစ်သန်း လှူဒါန်းမည်

Louisiana မြို့ရေဘေးကယ်ဆယ်ရေးအတွက် Taylor Swift က ဒေါ်လာ တစ်သန်း လှူဒါန်းမည်

| No comment

Taylor Swift က Louisiana မြို့ရေဘေးဒုက္ခသည်တွေကို ကူညီဖို့အတွက် ကယ်ဆယ်ရေးရန်ပုံငွေ ဒေါ်လာ တစ်သန်း လှူဒါန်းမှာဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ပေါ့စတားဟာ မနှစ်က U.S မှာကျင်းပခဲ့တဲ့ သူမရဲ့ “1989 World Tour” ကို Louisiana မြို့ကစတင်ခဲ့တဲ့အတွက် အဲ့ဒီမြို့နှင့်အထူးဆက်သွယ်နေတယ်လို့ ခံစားခဲ့ရပါတယ်။

မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ရေကြီးမှုအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၁၁ ယောက်  သေဆုံးခဲ့ပါတယ်။

“ကျွန်မတို့ 1989 World Tour ကို Louisiana မြို့ကစတင်ခဲ့ပြီးတော့ အဲ့ဒီကပရိသတ်တွေကြောင့် ကိုယ့်အိမ်ကို ရောက်နေသလို အပြည့်အဝခံစားခဲ့ရပါတယ်။ ဒီတစ်ပတ်မှာ Louisiana မြို့သားတွေ ကိုယ့်အိမ်ကနေ ထွက်လာရတယ်ဆိုတာ ကြေကွဲစရာကောင်းလှပါတယ်” လို့ Swift က The Associated Press ကို အင်္ဂါနေ့က ပြောခဲ့ပါတယ်။

“ဒီလိုစိတ်ထိခိုက်စရာကောင်းတဲ့ အချိန်မျိုးမှာ မေတ္တာမျှဝေပေးနိုင်တဲ့သူတွေ ဆုတောင်းပေးနိုင်တဲ့သူတွေနှင့် ကူညီနိုင်တဲ့သူတွေကို တတ်နိုင်သလောက် လုပ်ပေးကြပါလို့ တိုက်တွန်းပါတယ်” လို့ Swift က ဆက်ပြောခဲ့ပါသေးတယ်။

သောကြာနေ့ကတည်းက လူပေါင်း ၃၀၀၀၀ လောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး အလားတူ Lady Gaga ကလည်း “ရေဘေးဒဏ်ခံနေရတဲ့ Louisiana မြို့က ကျွန်မတို့ချစ်ရတဲ့သူတွေအတွက် ဆုတောင်းပေးလိုက်ပါတယ်။ ကျွန်မနှင့် ကျွန်မမိသားစုကလည်း ကယ်ဆယ်ရေးရန်ပုံငွေအတွက် လှူဒါန်းသွားမှာပါ” လို့ twitter ကနေ အားပေးရေးသားခဲ့ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : ET