Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Mark Rufflo က Thor: Ragnarok ဇာတ်ကားအတွက်ရိုက်ကူးရေးပြီးစီး

Mark Rufflo က Thor: Ragnarok ဇာတ်ကားအတွက်ရိုက်ကူးရေးပြီးစီး

| No comment

Australia မှာရိုက်ကူးရေးစတာ တစ်လတောင်မရှိသေးပေမယ့် Hulk အဖြစ်သရုပ်ဆောင်တဲ့ Mark Rufflo က Thor: Ragnarok ဇာတ်ကားအတွက် သူ့အပိုင်းကရိုက်ကူးရေးပြီးစီးသွားကြောင်း Instagram မှာအတည်ပြုရေးသားခဲ့ပါတယ်။

“ဒီဇာတ်ကားရိုက်ရင်းနဲ့ တော်တော်ပျော်စရာကောင်းတဲ့ အချိန်တွေဖြစ်ခဲ့ပါတယ်။ အချစ်တွေနဲ့ ရယ်မောစရာတွေအတွက် Taika Waititi၊ Chris Hemsworth၊ Tessa Thompson ပြီးတော့ Marvel တို့ကို ကျေးဇူးတင်ပါတယ်” လို့ရေးသားခဲ့ပါတယ်။

ရိုက်ကူရေးတွေက လအနည်းငယ်လောက် ဆက်လုပ်ရဦးမှာ ဖြစ်တဲ့အတွက် မေးစရာရှိတာက ဒီဇာတ်ကားမှာ Hulk ရဲ့အခန်းကဏ္ဍက ဘယ်လောက်အရေးပါသလဲ ဆိုတဲ့မေးခွန်းပါပဲ။ သူက CG ဇာတ်ကောင်ဖြစ်တဲ့အပြင် အထူးသဖြင့် လူသားပိုင်းဖြစ်တဲ့ Bruce Banner ဟာ အကန့်အသက်တစ်ခုထိသာပါဝင်တာကြောင့် Mark Rufflo ကရိုက်ကွင်းပေါ်မှာ အချိန်ကန့်သတ်တစ်ခုထိပဲရှိတာလည်း အဓိပ္ပာယ်ရှိပါတယ်။

Thor: Ragnarok ဇာတ်ကားတွင်ပါဝင်မည့် သရုပ်ဆောင်များကတော့ God of Thunder အဖြစ် Chris Hemsworth၊ Loki အဖြစ် Tom Hiddleston၊ The Hulk အဖြစ် Mark Rufflo၊ Heimdall အဖြစ် Idris Elba၊ Odin အဖြစ် Sir Anthony Hopkins တို့ဖြစ်ပါတယ်။

 Cate Blanchett က လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှတဲ့ ဗီလိန်သစ် Hela အဖြစ်၊ Jeff Goldblum က အများနှင့်မတူပဲ ထူးဆန်းသော Grandmaster အဖြစ်၊ Tessa Thompson က ဂန္တဝင်လူစွမ်းကောင်း Valkrie အဖြစ် ပိတ်ကားပေါ်မှာ အသက်သွင်းပေးမှာဖြစ်ပြီး Karl Urban) က Skurge အဖြစ် သူ့ရဲ့ ကြီးမားလှတဲ့ ခွန်အားကို တိုက်ပွဲတွင်ပေါင်းထည့်ပေးသွားမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကို Kevin Feige က Louis D’Esposito၊ Brad Winderbaum၊ Victoria Alonso၊ Thomas M. Hammel နှင့်Stan Lee တို့နှင့်အတူ ထုတ်လုပ်မှာဖြစ်ပါတယ်။ ဇာတ်ညွှန်းကို Stephany Folsom၊ Craig Kyle၊ Eric Pearson နှင့် Christopher Yost တို့ကရေးသားမှာပါ။ လက်ရှိအစီအစဉ်အရ Marvel Cinematic Universe ရဲ့ တတိယအဆင့်ကို အောက်တိုဘာလအထိရိုက်ကူးပြီး ထုတ်လုပ်မှုပိုင်းကတော့ နှစ်ကုန်ပိုင်းအထိ ဆက်လက်လုပ်ကိုင်နိုင်ခြေရှိပါတယ်။

Taika Waititi ရိုက်ကူးထားတဲ့ Thor: Ragnarok ဇာတ်ကားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Comingsoon