Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဖေဖော်ဝါရီလတွင် Maze Runner: The Death Cure ရိုက်ကူးရေး ဆက်လက်လုပ်ဆောင်သွားမည်

ဖေဖော်ဝါရီလတွင် Maze Runner: The Death Cure ရိုက်ကူးရေး ဆက်လက်လုပ်ဆောင်သွားမည်

| No comment

Deadline က သတင်းပို့တဲ့အတိုင်း ဇာတ်လမ်းတွဲရဲ့ အဆက်ကို ဖေဖော်ဝါရီလတွင်ြ ပန်လည်စတင် ရိုက်ကူးခြင်းနှင့်အတူ 20th Century Fox ရဲ့ Maze Runner: The Death Cure ထုတ်လုပ်ရေးဟာ လမ်းကြောင်းပေါ်ပြန်ရောက်လာပါပြီ။ နဂိုက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်မှာ ထွက်ရှိဖို့ စီစဉ်ထားပေမယ့်
ဒီနှစ်အစောပိုင်းမှာ ခေါင်ဆောင်မင်းသား Dylan O’Brien က ရိုက်ကွင်းမှာ ဒဏ်ရာရခဲ့တာကြောင့် ဒဏ်ရာဒဏ်ချက်တွေ လုံးဝပျောက်ကင်းသက်သာသွားတဲ့အထိ ထုတ်လုပ်ရေးကို ရပ်ဆိုင်းထားခဲ့ပါတယ်။

အခုတော့ ဒီဇာတ်ကားကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်မှာ ရုံတင်ပြသမှာပါ။

အရင်ဇာတ်ကား ၂ ကားလိုပဲ Maze Runner: The Death Cure ကို James Dashner ရဲ့ ဝတ္ထုကို  T.S. Nowlin  ကဇာတ်ညွှန်းရေးသားပြီး Wes Ball ကရိုက်ကူးမှာပါ။ ၂၀၁၄ ခုနှစ်က The Maze Runner နှင့် ၂၀၁၅ ခုနှစ်က The Maze Runner: Scorch Trials တို့ရဲ့ အဖြစ်အပျက်တွေရဲ့ နောက်ဆက်တွဲကို
ရိုက်ကူးထားပြီး Thomas Brodie-Sangster၊ Rosa Salazar၊ Ki Hong Lee နှင့် Dexter Darden တို့က အတူတွဲဖက် သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းတွဲရဲ့ အဆုံးသတ်ဖြစ်တဲ့ The Death Cure ဝတ္ထုကို အောက်ပါအတိုင်းဖော်ပြထားပါတယ်။

ဒါဟာ လမ်းဆုံးပဲဖြစ်တယ်။

WICKED ဟာ Thomas ရဲ့ ဘဝ၊ မှတ်ဉာဏ်နှင့် သူငယ်ချင်းတွေဖြစ်တဲ့ the Gladers အပါအဝင် အရာအားလုံးကို ယူဆောင်သွားခဲ့တယ်။ ဒါပေမယ့်လည်းေ နာက်ဆုံးတော့ ပြီးသွားပါပြီ။ နောက်ဆုံးစမ်းသပ်ချက်တစ်ခုပြီးရင် စစ်ဆေးစီရင်တာတွေ ပြည့်စုံသွားပါပြီ။ အသက်ရှင်ကျန်ခဲ့တဲ့သူ ရှိပါ့မလား?
ဒါပေမယ့် WICKED မသိတာကတော့ Thomas က သူတို့ထင်ထားထက် အများကြီးပိုမှတ်မိတယ်ဆိုတာပါပဲ။ သူတို့ဘာပဲပြောပြော သူမယုံဘူးဆိုတာနှင့်တင် သက်သေပြလို့ရပါတယ်။

အမှန်တရားကတော့ ကြောက်စရာကောင်းပါလိမ့်မယ်။

Thomas က Maze ကို အနိုင်ရခဲ့တယ်။ Scorch မှာ အသက်ရှင်ကျန်ခဲ့တယ်။ သူက
သူ့သူငယ်ချင်းတွေကို ကယ်တင်ဖို့ကို ဘာမဆိုစွန့်နိုင်ပါတယ်။ ဒါပေမယ့်
အမှန်တရားက အားလုံးကို အဆုံးသတ်သွားစေနိုင်ပါတယ်။
လိမ်ညာနေရမယ့်အချိန် မဟုတ်တော့ပါဘူး။
The Death Cure ဇာတ်ကားကို Gnomeo & Juliet ကာတွန်းကာရဲ့ အဆက်ဖြစ်တဲ့
Sherlock Gnomes နှင့်အပြိုင်ရုံတင်မှာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Coming Soon