Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , တွမ်ခရုစ်နဲ့ သရုပ်ဆောင်ကြေးညှိနှိုင်းလို့ အဆင်မပြေတာကြောင့် MI6 ရိုက်ကူးရေးရပ်နားထားရ

တွမ်ခရုစ်နဲ့ သရုပ်ဆောင်ကြေးညှိနှိုင်းလို့ အဆင်မပြေတာကြောင့် MI6 ရိုက်ကူးရေးရပ်နားထားရ

| No comment



Mission Impossible – Rogue Nation ဇာတ်ကားက ကမ္ဘာတစ်လွှားမှာ ဒေါ်လာ ၆၈၂ သန်း ရရှိခဲ့တဲ့အတွက် အရှုပ်အထွေးတွေ မကြာခင်ပြေလည်သွားလိမ့်မယ်လို့ တွက်ထားပေမယ့် Tom Cruise နှင့် Paramount Pictures ကြားက လစာကိစ္စနှင့် ပတ်သက်တဲ့ အငြင်းပွားမှုတွေကြောင့် Mission Impossible 6 ရိုက်ကူးရေး ဆိုင်းငံ့ထားရကြောင်း The Hollywood Reporter ကပြောပါတယ်။

The Hollywood Reporter ရဲ့ပြောကြားချက်အရ Christopher McQuarrie က ဇာတ်ညွှန်းရေးသား၊ ရိုက်ကူးပြီး ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှာ နောက်တစ်ကြိမ် ရိုက်ကူးရေးစတင်ဖို့ ပြင်ဆင်ထားပါတယ်။


အငြင်းပွားနေကြတဲ့အချက်တွေထဲက တစ်ခုကတော့ မင်းသားက The Mummy ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့အတွက် Universal ဆီကရရှိခဲ့တာနှင့်တန်းတူ ဒါမှမဟုတ် ပိုများတဲ့ပမာဏကို မျှော်မှန်းထားတာကြောင့် Cruise ဘက်က ပါဝင်တဲ့အကျိုးအမြတ်ပါပဲ။ Mummy ဇာတ်ကားက Cruise ရဲ့ နာမည်ကျော်ကြားမှုအပေါ်မှာ အများကြီး မူတည်နေပြီး ဇာတ်လမ်းတွဲလိုက် ထွက်ဖို့ မျှော်လင့်ထားတဲ့ Universal အတွက် အရေးပါတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။


ဒါကတော့ ဒီဇာတ်လမ်းအတွက် ဒုတိအကြိမ် အခက်အခဲဖြစ်တာဖြစ်ပြီး၊ ဇူလိုင်လတုန်းကလည်း ဇာတ်ညွှန်းပြဿနာကြောင့် ဇာတ်လမ်းပြိုကွဲမလိုဖြစ်ပြီး ရိုက်ကူးရေးစတင်ဖို့ကို နိုဝင်ဘာလကနေ ဇန်နဝါရီကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ် နောက်ပိုင်းမှာ ထွက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Mission Impossible – Rogue Nation ဇာတ်ကားမှာ Jeremy Renner (Marvel’s The Avengers, Kill the Messenger)၊ Alec Baldwin (The Departed,”30 Rock”) Simon Pegg (Star Trek, The World’s End)၊ Ving Rhames (Pulp Fiction, Dawn of the Dead)၊ Simon McBurney (The Last King of Scotland, The Theory of Everything) နှင့် Rebecca Ferguson (Hercules, The Red Tent) တို့ပါဝင်ပါတယ်။




( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Comingsoon