Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အိပ်ပျော်နေတဲ့ပုံကို ခိုးရိုက်ထားတဲ့ ပရိသတ်ကို Niall Horan က Twitter မှာပေါက်ကွဲ

အိပ်ပျော်နေတဲ့ပုံကို ခိုးရိုက်ထားတဲ့ ပရိသတ်ကို Niall Horan က Twitter မှာပေါက်ကွဲ

| No comment

One Direction အဖွဲ့ဝင် Niall Horan က ဖျော်ဖြေပွဲတွေ၊ ပွဲတော်တွေနှင့် စိမ်းတဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ကိုယ်တိုင်ဖျော်ဖြေတာမဟုတ်ဘဲ ပရိသတ်အနေနှင့် တက်ရောက်ခဲ့ပါတယ်။ မိတ်ဆွေဖြစ်သူ Ellie Goulding ကို Lollapalooza မှာအားပေးဖို့ UK ကနေ Chicago ကိုသွားတဲ့ လေယာဉ်ပေါ်မှာ တစ်ရေးအိပ်ခဲ့ပါတယ်။ အဲ့ဒီကနေ ပြဿနာစတာပါပဲ။

One Direction အဆိုတော်က တစ်ပတ်လုံးကျင်းပတဲ့ ပွဲတော်မတိုင်ခင် မျက်လုံးလေးခဏပိတ်ထားပြီး အနားယူဖို့လုပ်ခဲ့ပေမယ့် သူ့ကိုမှတ်မိတဲ့ ပရိသတ်တစ်ယောက်နှင့်တွေ့ပြီး ဓာတ်ပုံတွဲရိုက်ဖို့ တောင်းဆိုခံခဲ့ရပါတယ်။


 နေသိပ်မကောင်းတာကြောင့် ဓာတ်ပုံရိုက်ဖို့ငြင်းလိုက်ပေမယ့် ပရိသတ်က ဆိုလိုရင်းကိုနားမလည်ဘဲ အိပ်ပျော်နေတဲ့အချိန်မှာ ဓာတ်ပုံခိုးရိုက်ခဲ့ပါတယ်။ မီးရောင်အောက်မှာနေရတဲ့ဘဝက အကျိုးကျေးဇူးလည်းရှိပေမယ့် အနုပညာရှင်တစ်ယောက်ဖြစ်ရတာ အတိုက်အခံတွေနှင့်လည်း ကြုံရတတ်တယ်ဆိုတာ လျှို့ဝှက်ချက်တော့မဟုတ်ပါဘူး။ ဓာတ်ပုံခိုးရိုက်တတ်တဲ့ ပရိသတ်တွေကလည်း အတိုက်အခံတစ်မျိုးပါပဲ။

Niall က ဒီကိုယ်ရေးကိုယ်တာကိုထိပါမှုနှင့်ပတ်သက်ပြီး မကျေနပ်ချက်တွေကို Twitter မှာရေးသားခဲ့ပါတယ်။ ခုနောက်ပိုင်းမှာ ဒီလိုလုပ်တာတဲ့ အနုပညာရှင်က သူတစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ ကင်မရာဖုန်းတွေပေါ်လာတာကြောင့် ပရိသတ်အချစ်တော်တိုင်းနီးပါး ဒီလိုအဖြစ်မျိုးနှင့် ကြုံရလေ့ရှိပါတယ်။

 Justin Bieber ရဲ့ ပရိသတ်တွေနှင့် ဓာတ်ပုံတွဲမရိုက်ဘူးဆိုတဲ့ စည်းမျဉ်းတွေလည်းထွက်လာပါတယ်။ ဒီလိုတွေဖြစ်တာက ကြေကွဲစရာကောင်းပေမယ့် သူတို့ကလည်း လူသားတွေပဲမဟုတ်လား။ နောက်တစ်ခါ Directioner တစ်ယောက်ယောက်က Niall နှင့်တွေ့တဲ့အခါ “ဓာတ်ပုံမရိုက်ဘူး”လို့ပြောလာရင် လေးစားလိုက်နာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : TeenVogue