Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Resident Evil: The Final Chapter ဇာတ်ကားနမူနာထွက်ရှိ

Resident Evil: The Final Chapter ဇာတ်ကားနမူနာထွက်ရှိ

| No comment

Milla Jovovich က အသစ်ထွက်ရှိလာတဲ့ Resident Evil: The Final Chapter ဇာတ်ကားနမူနာထဲမှာ ဇွန်ဘီတွေသတ်တဲ့စာအုပ်ကို ပိတ်လိုက်ဖို့အဆင်သင့် ဖြစ်ခါနီးနေပါပြီ။ ဒါပေမယ့် ကမ္ဘာကြီးကိုတော့ အရင်ဆုံးကယ်တင်ရဦးမှာပါ။

Sony ရဲ့ action-horro ဇာတ်လမ်းတွဲ ၆ ကားမြောက်မှာ Jovovich ရဲ့ အတိတ်မေ့နေတဲ့ လူစွမ်းကောင်း Alice ကို သူမကိုယ်တိုင် အဖြေရှာရင်း၊ T-virus သန္ဓေပြောင်းသတ္တဝါအုပ်စုကြီးနှင့် အန္တရာယ်ရှိတဲ့ Umbrella Coporation တို့နှင့် နောက်တစ်ကြိမ်ရင်ဆိုင်တိုက်ခိုက်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ တကယ်အဖြေရရှိတော့မှာပါ။

ဇာတ်ညွှန်းရေးသား ရိုက်ကူးသူ Paul W.S. Anderson က မကြာသေးခင်က EW နှင့်အင်တာဗျူးမှာ “ပုံမှန်အတိုင်းဆိုရင်တော့ ဇာတ်သိမ်းတော့မယ်ဆိုရင် တစ်ခုခုရဲ့အဆုံသတ်ဖြစ်ရမှာပေါ့။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ The Final Chapter ကတော့ ဇာတ်လမ်းရဲ့ ဇစ်မြစ်ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Alice ရဲ့ဇာတ်ကောင်က ဘယ်သူဖြစ်တယ်၊ သူဘယ်သူဖြစ်တယ်၊ ဘယ်ကလာတယ်၊ သူ့ရဲ့ နောက်ခံဇာတ်လမ်းအမှန်က ဘာလဲဆိုတဲ့ အမှန်တရားကို နောက်ဆုံးတော့ ဖော်ထုတ်တော့မှာပါ” လို့ ပြောပြခဲ့ပါတယ်။

နမူနာထဲမှာတွေရတဲ့အတိုင်း ဒီခရီးစဉ်မှာ လွန်ခဲ့တဲ့ ၁၅ နှစ်နီးပါတုန်းက အရာအားလုံးစတင်ခဲ့တဲ့ Raccoon City နှင့် The Hive ကိုပြန်သွားရမှာပါ။ Anderson ကတော့ ဒါဟာ ကြည့်ရှုသူတွေကို ဇာတ်လမ်းတွဲတစ်ခုလုံးကို အစအဆုံးပြန်ကြည့်ချင်စိတ်ပေါက်လာမယ်လို့ မျှော်လင့်ပါတယ်။

“ကျွန်တော့်အလုပ်က ပရိသတ်တွေ ဒီဇာတ်ကားကိုကြည့်ပြီး အဆုံးသတ်ကိုကြည့်တဲ့အခါမှာ ဇာတ်လမ်းတွဲတစ်ခုလုံးကို ပြန်ချင့်ချိန်ပြီး ကျန်တဲ့ဇာတ်ကားတွေကို ပြန်ကြည့်ချင်စိတ်ပေါက်အောင် လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

Resident Evil: The Final Chapter ဇာတ်ကားကို ဇန်နဝါရီလ ၂၇ ရက်မှာ ပြသမှာဖြစ်ပါတယ်။ Trailer ဗီဒီယိုကိုတော့ အောက်မှာဖြော်ပပေးထားပါတယ်။



( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW