Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Rogue One: A Star War Story ဇာတ်ကားထဲတွင် ပါဝင်မည့် စက်ရုပ်သစ် K-2SO ဓာတ်ပုံထွက်ရှိလာ

Rogue One: A Star War Story ဇာတ်ကားထဲတွင် ပါဝင်မည့် စက်ရုပ်သစ် K-2SO ဓာတ်ပုံထွက်ရှိလာ

| No comment

Empire မဂ္ဂဇင်းက Rogue One: A Star War ဇာတ်ကားထဲမှ ဓာတ်ပုံအချို့ကို ဖော်ပြပေးခဲ့ပြီး performance capture ကနေတစ်ဆင့် Alan Tudyk က သရုပ်ဆောင်ထားတဲ့ “Kaytoo” လို့ခေါ်တဲ့ စက်ရုပ်သစ် K-2SO ပုံလည်းပါလာပါတယ်။

ကန့်သတ်အရေအတွက်နှင့် ထွက်ရှိလာတဲ့ မျက်နှာဖုံးနှင့် Jyn Erso (Felicity Jones)၊ Captain Cassian Andor (Diego Luna) နှင့်  K-2SO တို့ရဲ့ပုံကိုလည်း တွေ့မြင်နိုင်ပါတယ်။


Rogue One ဇာတ်ကားကတော့ ကြောက်စရာကောင်းတဲ့ Death Star ရဲ့ အစီအစဉ်ကို ခိုးဖို့ ပေါင်းစည်းမိကြတဲ့ အတိုက်အခံ တိုက်ခိုက်ရေးသမားတွေ အကြောင်းဇာတ်လမ်းဖြစ်ပါတယ်။ Felicity Jones က Jyn Erso အဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး Mads Mikklesen က သူမရဲ့ အဖေဖြစ်သူ Galen Erso အဖြစ်ပါဝင်ပါတယ်။


Diego Luna (Milk) က Captain Cassian Andor အဖြစ်၊ Donnie Yen (Ip Man, Blade II) က မျက်မမြင် စိတ်ဓာတ်စစ်ဆင်ရေး စစ်သည် Chirrut Imwe အဖြစ်၊ Jiang Wen (Let the Bullets Fly, Devils on the Doorstep) က သံချပ်ကာအထူကြီး ဝတ်ထားတဲ့  သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း Baze Malbus အဖြစ်၊ Alan Tudyk (Firefly) က စက်ရုပ် K-2SO အဖြစ်၊ Riz Ahmed (Night Crawler, Four Lions) က Rebel pilot Bodhi Rook အဖြစ်၊ Forest Whitaker (The Last King of Scotland) က Star War: The Clone Wars ဇာတ်လမ်းမှာ ပထမဆုံးပါဝင်ခဲ့တဲ့ ဇာတ်ကောင် Saw Gerrera အဖြစ်၊ Ben Mendelsohn (Bloodline, Mississippi Grind) က  အဓိကရန်ဘက် Director Orson Krennic အဖြစ်ပါဝင်ပါတယ်။



Rogue One: A Star War Story ဇာတ်ကားကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်မှာ ရုံတင်ပြသပါမည်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Comingsoon