Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Suicide Squad ရုပ်ရှင်အထူးပွဲမှာ အရမ်းလန်းနေတဲ့ Harley Quinn သရုပ်ဆောင် Margot Robbie

Suicide Squad ရုပ်ရှင်အထူးပွဲမှာ အရမ်းလန်းနေတဲ့ Harley Quinn သရုပ်ဆောင် Margot Robbie

| 1 Comment

သြစတြေးလျမင်းသမီး မားဂေါ့တ်ရော်ဘီ (Margot Robbie) ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ Suicide Squad ရဲ့ အထူးရှိုးပွဲကို အမိုက်စားဝတ်စုံနဲ့ ပွဲတက်လာခဲ့ပါတယ်။ မင်းသမီးဝတ်ဆင်ခဲ့တဲ့ ရွှေရောင်နဲ့ အနက်ရောင်စပ် Unicorn ဝတ်စုံဟာ ထင်ရှားနေခဲ့တာကြောင့် မီဒီယာတွေရဲ့ မျက်စိပဒါသဖြစ်စေခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။


နယူးယော့ခ်မှာပြုလုပ်ခဲ့တဲ့ ဒီပွဲကို Will Smith, Cara Delevingne, Jared Leto, Jai Courtney, Viola Davis, Scott Eastwood နဲ့ Joel Kinnaman တို့လို SS မှာပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေကလည်း စုံစုံညီညီ တက်ရောက်ခဲ့ကြပါတယ်။


အသက်၂၆နှစ်အရွယ် မင်းသမီးအနေနဲ့ ကတော့ ပိုမိုထင်ရှားတဲ့ အလှပိုင်ရှင်ဖြစ်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ Suicide Squad ရုပ်ရှင်ဇာတ်ကားကို လာမယ့် သြဂုတ်လ ၄ရက်နေ့မှာ စတင်ရုံတင်ပြသမှာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ပြသမယ့် ရက်စွဲအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။


( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref: Daily Mail