Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Super Bowl halftime show မှာ သီချင်းဆိုဖို့ ငြင်းဆန်လိုက်တဲ့ Adele

Super Bowl halftime show မှာ သီချင်းဆိုဖို့ ငြင်းဆန်လိုက်တဲ့ Adele

| No comment

နောက်နှစ်ရဲ့ Super Bowl halftime show မှာ ခေါင်းဆောင်ပါဝင်သီဆိုဖို့အတွက် Adele က အစောပိုင်းဆွေနွေမှု ပြုလုပ်နေတယ်ဆိုတဲ့ သတင်ပို့ချက်တွေထွက်ပေါ်လာပြီးနောက်မှာ “Hello” သီချင်းရဲ့အဆိုတော်ဟာ ကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်ကြောင်း စနေန့ညက Los Angeles မြို့မှာ ကျင်းပတဲ့ ဖျော်ဖြေပွဲမှာရှိတဲ့ ပရိသတ်တွေကိုပြောပြခဲ့ပါတယ်။

“အရင်ဆုံးပြောချင်တာက ကျွန်မ Super Bowl မှာ သီချင်းမဆိုပါဘူး။ ပြောရမယ်ဆိုရင် အဲ့ဒီပွဲက သီချင်းအဓိကမှ မဟုတ်တာ။ ပြီးတော့ ကျွန်မက ကတာတွေ ဘာတွေလည်း မလုပ်တတ်ဘူး။ သူတို့ကတော့ ကျွန်မကို ကမ်းလှမ်းကြပေမယ့် မလုပ်ဘူးလို့ပဲ ပြောလိုက်ပါတယ်။ စိတ်မကောင်းပါဘူး၊ နောက်တစ်ခါမှပေါ့” လို့ ပရိသတ်တစ်ယောက်က ရိုက်ထားတဲ့ ဗီဒီယိုထဲမှာပြောထားပါတယ်။

The Sun က သတင်းရင်းမြစ်ကို မဖော်ပြထားတဲ့ “ပွဲစီစဉ်သူတွေက သူမကို ပါဝင်လာအောင် အတတ်နိုင်ဆုံး ဖျောင်းဖြနေကြပါတယ်” ဆိုတဲ့သတင်းကို တနင်္လာနေ့က ဖော်ပြလိုက်တဲ့အချိန်မှာ Adele ပါဝင်မယ်လို့ ကြိုတင်ခန့်မှန်းတာတွေက စတင်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က Super Bowl ပထမပိုင်းအပြီး ဖျော်ဖြေပွဲမှာတော့ Coldplay နှင့် ပထမပိုင်းအပြီး ဝါရင့်ဖျော်ဖြေသူ Bruno Mars နှင့် Beyonce တို့ကို ခေါ်ထုတ်ခဲ့ပါတယ်။ ဖျော်ဖြေမှုတွေကို ဝေဖန်တာတော့မကင်းပေမယ့် ကစာပွဲတစ်ခုလုံးရဲ့ CBS Sports မှသတင်းပေးပို့ချက်ကို ကြည့်ရှုသူပေါင်း ၁၁၁.၉ သန်း ရှိခဲ့ပြီး Super Bowl 50 ကို မှတ်တမ်းတစ်လျှောက် တတိယမြောက် ကြည့်ရှုသူအများဆုံး အစီအစဉ်အဖြစ် မှတ်တမ်းဝင်စေခဲ့ပါတယ်။

Adele ကတော့ Adele Live 2016 ကမ္ဘာလှည့်ဖျော်ဖြေပွဲရဲ့ မြောက်အမေရိကပိုင်းကို ဆက်လက်ကျင်းပလျက်ရှိပါတယ်။

( RII )


#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW