Britney Spear က Taylor Swift နှင့်တွေ့ဖူးတာကို မမှတ်မိကြောင်း တနင်္လာနေ့က အင်တာဗျူးသစ်တစ်ခုမှာ ပြောခဲ့ပါတယ်။
Australian KIIS Radio show Kyle & Jackie မှာ “Sydney ကိုသွားတဲ့ ၂၄ နာရီကြာလေယာဉ်ပေါ်မှာ Taylor Swift (သို့) Katy Perry ဘယ်သူနဲ့အတူ ထိုင်ချင်လဲ” လို့မေးတော့ Spear က “မသိဘူး၊ ခက်လိုက်တာ။ နှစ်ယောက်လုံးက အရမ်းမိုက်တယ်။ မသိတော့ဘူး။ Katy Perry နဲ့တွေ့ဖူးတယ်ဆိုတော့၊ Taylor Swift လို့ပဲဖြေလိုက်မယ် ဘာလို့လဲဆိုတော့ အရင်က သူနဲ့တစ်ခါမှမတွေ့ဖူးဘူး” လို့ပြန်ဖြေခဲ့ပါတယ်။
ဒါပေမယ့် Taylor Swift နှင့် Britney Spear တို့က ၂၀၀၈ ခုနှစ်ကကျင်းပတဲ့ VMAs ဆုပေးပွဲမှာတွေ့ပြီး ဓာတ်ပုံအတူရိုက်ခဲ့ဖူးပါတယ်။
TMZ ရဲ့ပြောဆိုချက်အရတော့ Taylor ကတက်သစ်စတုန်းကလည်း သူတို့နှစ်ယောက် တစ်ခါတွေ့ဖူးပါသေးတယ်။ ဖြစ်နိုင်တာကတော့ Mariah Carey က “သူ့ကို မသိပါဘူး” လို့ပြောသလို အခြေအနေမျိုးလည်းဖြစ်နိုင်ပြီး၊ ရိုးရိုးသားသားမှားတာလည်းဖြစ်နိုင်ပါတယ်။
( RII )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : EW