Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Taylor Swift ရဲ့ စွပ်စွဲချက်အတွက် ကျွန်တော့်မိန်းမက အသံသွင်းထားပေးတယ်လို့ပြောတဲ့ Kanye West

Taylor Swift ရဲ့ စွပ်စွဲချက်အတွက် ကျွန်တော့်မိန်းမက အသံသွင်းထားပေးတယ်လို့ပြောတဲ့ Kanye West

| No comment

ဇနီးဖြစ်သူ Kim kardashian က တိုးတိုးတိတ်တိတ် အသံသွင်းထားလိုက်တဲ့ West နဲ့ Swift တို့ရဲ့သီချင်းအတွက် ဆွေးနွေးထားကြပုံကို ထုတ်ဖော်လိုက်ပြီးချိန်မှာတော့ ၃၉ နှစ်အရွယ် ရက်ပ်ပါက ၂၆ နှစ်အရွယ် အဆိုတော်ကို Drake ရဲ့ ဖျော်ဖြေပွဲမှာ  ပြန်လည်စကားပြောဆိုခဲ့ပါတယ်။

 “ကျွန်တော့်မိန်းမမှာ အသံသွင်းထားတဲ့ဖိုင်ရှိတာ ၀မ်းသာပါတယ်..ဘာလို့လဲဆိုတော့ ခင်ဗျားတို့အားလုံး အမှန်တရားကို သိသွားကြလို့ပါ..ပြီးတော့ ကျွန်တော့်မကောင်းကြောင်းကိုလည်း ဘယ်သူမှ ပြောလို့မရတော့ဘူးလေ” လို့ ပရိသတ်ကို ပြောကြားထားပါတယ်။

သီချင်းမှာ ပါဝင်တာကတော့ “အောင်မြင်ကျော်ကြားဖို့အတွက် တေလာဆွဖ်နဲ့ ဆက်ပြီး ပေါင်းသင်းနေထိုင်ဦးမှာပဲ” ဆိုတဲ့စာသားဖြစ်ပြီး ဒီစာသားအတွက် Taylor Swift ကလည်း အသုံးပြုနိုင်ကြောင်း အတည်ပြုပြောကြားထားတဲ့ အသံသွင်းဖိုင်ကို Kardashian က ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

ကျွန်မ ခင်ပွန်းအပေါ် ရည်ရွယ်ချက်ရှိရှိ ဝေဖန်တိုက်ခံနေတယ်လို့ ခံစားရတယ်..ဒါနဲ့ ပတ်သက်ပြီးလည်း ကျွန်မ လုံးဝဂရုမစိုက်ဘူး..ကျွန်မခင်ပွန်းကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကာကွယ်ပေးသွားမှာပဲ လို့ Kardashians က GQ အင်တာဗျူးအစီအစဉ်မှာ ပြောကြားသွားပါတယ်။

( Michelle )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)


Ref : UPI