Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Thor နှင့် Loki တို့ ကလေးဆေးရုံကို သွားရောက်လည်ပတ်ခဲ့

Thor နှင့် Loki တို့ ကလေးဆေးရုံကို သွားရောက်လည်ပတ်ခဲ့

| No comment

ထိုက်တန်တဲ့ကလေးအချို့အတွက် Chris Hemsworth နှင့် Tom Hiddleston ဆီက တစ်သက်တာမမေ့နိုင်စရာ အံ့အားသင့်စရာတွေ ရရှိခဲ့ပါတယ်။

တွဲဖက်သရုပ်ဆောင်နှစ်ယောက်ဟာ စနေနေ့က Thor: Ragnarok ရိုက်ကွင်းကနေ အချိန်ခဏယူပြီး Australia နိုင်ငံမှာရှိတဲ့ Lady Cilento Children’s Hospital ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ Chris နှင့် Tom တို့က Marvel ရုပ်ရှင်ထဲက သူ့တို့ရဲ့ဇာတ်ကောင်တွေအဖြစ် ဝတ်ဆင်ထားပြီး ကလေးပရိသတ်တွေအတွက် အားပေးစကားပြောပြီး ဓာတ်ပုံတွဲရိုက်ပေးခဲ့ပါတယ်။

“ဒီတူကို ကိုင်မြှောက်နိုင်တဲ့ ဘယ်သူမဆို ထိုက်တန်ရင် Thor ရဲ့ စွမ်းအားကို ပိုင်ဆိုင်နိုင်ပါတယ်။ (အမည်းရောင် အင်္ကျီဝတ်ထားတဲ့ သူကလွဲလို့) ကလေးတွေအားလုံးနဲ့ တွေဆုံရတာ မမေ့နိုင်စရာပါ။ သူတို့ကသာ တကယ့် လူစွမ်းကောင်းတွေပါ။” လို့ Hiddleston က သူတို့နှစ်ယောက်နှင့် ကလေးနှစ်ယောက်တွဲရိုက်ထားတဲ့ပုံကို instagram မှာတင်ပြီး ရေးသားခဲ့ပါတယ်။

Hemsworth ကလည်း “Lady Cilento Children’s Hospital က တကယ့် လူစွမ်းကောင်းတွေနှင့် တွေ့ဆုံခဲ့ရပါတယ်။ ကျွန်တ်ာတို့အားလုံးရဲ့ စိတ်ကိုလှုံ့ဆော်ပေးနိုင်တဲ့ သတ္တိရှိတဲ့ ကလေးတွေကို ချီးကျူးပါတယ်။” လို့ ဓာတ်ပုံတင်ပြီး ရေးသားခဲ့ပါတယ်။


ဆေးရုံမှာရှိတဲ့ကလေးတွေက အပတ်စဉ်တင်ဆက်လေ့ရှိတဲ့ Juice TV မှာတောင် Hemsworth နှင့် Hiddleston ကို အင်တာဗျူးဖို့ အခွင့်အရေးရရှိခဲ့ပါတယ်။ “အကူအညီလိုသလား? မင်းတို့လိုရင် အမြဲရှိနေမယ်” လို့ Chris က ကံကောင်းတဲ့ လူနာတစ်ယောက်ကို ပြောခဲ့ပြီး Tom လည်း “ငါတို့ မင်းနဲ့အတူ ရှိနေပါတယ်” ပြောခဲ့ပါတယ်။

သရုပ်ဆောင်တွေက လူကြိုက်များတဲ့ဇာတ်လမ်းတွဲထဲက စူပါဟီရိုးနှင့် စူပါဗီလိန်အဖြစ် ညီအစ်ကိုကြားက အားပြိုင်မှုအကြောင်းကို ပြောခဲ့ကြပြီး ကလေးတွေရဲ့ အပြုံးတွေနှင့် ရယ်သံတွေက သက်သေခံနေပါတယ်။
Hemsworth က အတွေအကြုံကို သဘောကျတာကြောင့် ဗုဒ္ဒဟူးနေ့က ဆေးရုံကိုထပ်သွားခဲ့ပါသေးတယ်။


ဒီတစ်ခါမှာတော့ ဇာတ်လမ်းထဲက ရွှေရောင်ဆံပင်တုကို ဝတ်မလာတော့ပါဘူး။ “မနေ့ညက မတွေခဲ့ရတဲ့ ကလေးတွေနှင့် မိသားစုတွေကို တွေခဲ့ပြီး။ Daniel လေးရဲ့ ညကို ပြည့်စုံစေခဲ့ပါတယ်” လို့ ဆေးရုံရဲ့ Instagram မှာရေးသားခဲ့ပါတယ်။

လိုအပ်နေတဲ့ ကလေးတွေအတွက် စူပါဟီးရိုးတွေအဖြစ် သွားရောက်လည်ပတ်ခဲ့ကြတာ Chris နှင့် Tom က ပထမဆုံးတော့ မဟုတ်ပါဘူး။ Chris Evans နှင့် Chris Pratt တို့ကလည်း လူနာတွေရဲ့ နေ့ရက်တွေကို တောက်ပအောင်လုပ်ပေးဖို့ Star-Lord နှင့် Captain America အဖြစ်သွားရောက်ဖူးခဲ့ကြပြီး ဒီနှစ်အစောပိုင်းမှာ Robert Downey Jr. ကလည်း Team Iron Man အဖွဲ့သား ကလေးငယ်တွေနှင့် ဆုံစည်းခဲ့ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : E Online