Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Transformers: The Last Knight ဇာတ်ကားအတွက် ပိုစတာထွက်ရှိ

Transformers: The Last Knight ဇာတ်ကားအတွက် ပိုစတာထွက်ရှိ

| No comment

ရုပ်ရှင်ကတော့ နောက်နှစ်နွေရာသီမရောက်ခင်အထိ ရုံတင်မှာမဟုတ်သေးပေမယ့် Transformers: The Last Knight ဇာတ်ကားအတွက် ပထမဆုံး ပိုစတာကို အရင်လက Time Square မှာပြသခဲ့ပြီး အခုတော့ Paramount Pictures က online မှာတရားဝင်ထုတ်ပေးလိုက်ပါပြီ။

Transformers: The Last Knight ဇာတ်ကားမှာ ပါဝင်မည့်သရုပ်ဆောင်တွေကတော့ Transformers: Age Of Extinction မှာပါဝင်ခဲ့တဲ့ Cade Yeager အဖြစ် Mark Wahlberg၊ Lieutenant Colonel Lennox အဖြစ် Josh Duhamel၊ Robert Epps အဖြစ် Tyrese Gibson နှင့် ခေါင်းဆောင်မင်းသမီး Izabella အဖြစ် Isabela Moner (100 Things To Do Before  Highschool, Growing Up Fisher) ဖြစ်ကြောင်းအတည်ပြုထားပါတယ်။ Jerrod Carmichael၊ Laura Haddock နှင့် Santiago Cabrera တို့လည်းပါဝင်ပြီး Sir Anthony Hopkins (The Silence of the Lambs, Thor) က မကြေညာထားတဲ့ နေရာကနေပါဝင်သရုပ်ဆောင်ပါမယ်။


Optimus Prime၊ Bumblebee၊ Drift နှင့် Autobots၊ Megatron၊ Barricade တို့အတွက်အသစ်ဝင်လာတဲ့ Sqweek နှင့် Onslaught အတွက် Deception တို့အပါအဝင် ခေါင်းစဉ်မှာပါဝင်တဲ့ ရုပ်ဖျက်ထားတဲ့ စက်ရုပ်တွေလည်း ပြန်လည်ပါဝင်မည်ဖြစ်ကြောင်း အတည်ပြုထားပါတယ်။

ဒါရိုက်တာ Michael Bay က ရိုက်ကူးပြီး Iron Man ဇာတ်ညွှန်းရေးတဲ့ Art Marcum နှင့် Matt Holloway ၊Ken Nolan (Black Hawk Down) တို့က ဇာတ်ညွှန်းရေးသားထားပါတယ်။ Ian Bryce၊ Lorenzo di Bonaventura၊ Don Murphy နှင့် Tom DenSanto တို့ကထုတ်လုပ်ပါမယ်။

Transformers: The Last Knight ဇာတ်ကားကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာပြသမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲအတွက် စီစဉ်ထားတဲ့အထဲမှာ ၂၀၁၈ ခုနှစ် ဇွန်လ ၈ ရက်မှာ ပြသမည့် Bumblebee spin-off နှင့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၈ ရက်မှာ ပြသမည့် ၆ ကားမြောက် Transformers တို့ပါဝင်ပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Comingsoon