Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Vogue မဂ္ဂဇင်းအတွက် အဖော်အချွတ်ပုံတွေ ရိုက်ကူးခဲ့တဲ့ Bella Hadid

Vogue မဂ္ဂဇင်းအတွက် အဖော်အချွတ်ပုံတွေ ရိုက်ကူးခဲ့တဲ့ Bella Hadid

| No comment

ထင်ရှားကျော်ကြားတဲ့ ညီအမတွေထဲမှာ Gigi နဲ့ Bella Hadid တို့ ပါဝင်နေတယ်ဆိုတာတော့ သံသယဖြစ်ဖွယ်မရှိပါဘူး။ ယခုတစ်ဖန် အသက် ၂၁နှစ်အရွယ် Gigi ရဲ့ ညီမဖြစ်သူ Bella ဟာ အစ်မထက် လက်စောင်းထက်တဲ့ အရာကိုပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက အသက်၁၉နှစ်အရွယ် Bella အနေနဲ့ သူမရဲ့ နောက်ဆုံး ကာဗာရိုက်ကူးမှုအဖြစ် Vogue Paris မဂ္ဂဇင်းအတွက် ကာဗာရိုက်ကူးမှုကို မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Taylor Hill နဲ့အတူ ရိုက်ကူးခဲ့ပါတယ်။


ဒီလိုရိုက်ကူးရာမှာ Bella အနေနဲ့ အဖြူအမဲ ကိုယ်လုံးတီး ဓာတ်ပုံရိုက်ကူးမှုလည်း ပါဝင်ခဲ့ပါတယ်။ ဓာတ်ပုံတွေမှာတော့ Bella ဟာ ရှိသင့်ရှိထိုက်တဲ့ အဖုအထစ်တွေနဲ့အတူ အလွန်လှပနေခဲ့ပါတယ်။ ယခင်တုန်းကလည်း အစ်မဖြစ်သူ Gigi ဟာ Vogue အတွက်ပဲ အဖော်အချွတ်ပုံတွေ ရိုက်ကူးပေးခဲ့ဖူးပြီး ညီမကခြေရာလိုက်နင်းတယ်ဆိုရင်လည်း မမှားပါဘူး။

ဆွဲဆောင်မှုအားကောင်းတဲ့ Bella အနေနဲ့ မျက်နှာဖုံးအတွက် ရိုက်ကူးတဲ့ဝတ်စုံမှာတော့ Taylor Hill နဲ့အတူ အနက်ရောင် ဆင်တူဝတ်စုံနဲ့ ဆွဲဆောင်မှုအားပြင်းနေခဲ့ပါတယ်။ ဒါကြောင့်နောက်ပိုင်းမှာ Bella ရဲ့ ဘယ်လိုမျိုးဆွဲဆောင်မှုအားကောင်းတဲ့ ပုံတွေကို ထပ်မံမြင်တွေ့ရဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref: Daily Mail