Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Wolverine ဇာတ်ကားသစ်မှာ ကွဲပြားလွန်းတဲ့အသွင်သစ်နဲ့ Professor X ကိုတွေ့မြင်ရမည်

Wolverine ဇာတ်ကားသစ်မှာ ကွဲပြားလွန်းတဲ့အသွင်သစ်နဲ့ Professor X ကိုတွေ့မြင်ရမည်

| No comment

Sir Patrick Stewart က ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်တွင် Wolverine ဇာတ်ကားသစ် ရုံတင်တာနှင့်အတူ သူ့အတွက် Professor Charles Xavier အဖြစ်သရုပ်ဆောင်တာ နောက်ဆုံးအကြိမ်ဖြစ်နိုင်ကြောင်း ITV ကိုပြောကြားခဲ့ပါတယ်။

“ကျွန်တော့်အတွက်တော့ ဒီဇာတ်လမ်းတွဲက ဒါနောက်ဆုံးဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ထင်မိပါတယ်။ ဒါပေမယ့်လည်း သိပ္ပံဝတ္ထုနှင့် စိတ်ကူးယဉ်ဇာတ်လမ်းတွေက ဒါကအဆုံးသတ်ပါပဲ၊ ပြီးသွားပါပြီလို့ ဘယ်တော့မှမပြောနိုင်ပါဘူး။ ပရိသတ်တွေ အရင်က မြင်ဖူးတဲ့ Charles Xavier နဲ့လုံးဝမတူတဲ့၊ အလွန်ကွဲပြားခြားနားတဲ့ Charles Xavier ကိုတွေ့မြင်ရမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ဒီWolverine ဇာတ်ကားသစ်ဟာ Hugh Jackman အတွက် ခေါင်းစဉ်ဇာတ်ကောင်အဖြစ် နောက်ဆုံးပါဝင်ခြင်းဖြစ်ပါတယ်။ Jackman နှင့် Stewart  တို့အပြင် ပါဝင်မယ့်သရုပ်ဆောင်တွေကတော့ Boyd Holbrook၊ Stephen Merchant၊ Richard E. Gran၊t Eriq La Salle၊ Elise Neal  နှင့် Elizabeth Rodriguez တို့ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ အဓိကရန်ဘက်ကတော့ Wolverine ရဲ့ အကြိုက်ဆုံးအဖွဲ့ဖြစ်တဲ့ Weapon X  ဖြစ်မယ်လို့ကြားထားပါတယ်။ The Reavers နှင့် ဇာတ်လမ်းထဲမှာ ဘယ်လိုဖြစ်မယ်ဆိုတာတော့ စောင့်ကြည့်ရမှာပေမယ့် Wolverine နှင့်အတူ ဒီဇာတ်ကားထဲမှာပါဝင်မယ့် သူ့ကိုယ်ပွားငယ်ဖြစ်တဲ့ X-23 ကို တားဆီးဖို့၊ ဖမ်းဖို့ လက်တွဲလုပ်ဆောင်နေတာဖြစ်နိုင်ခြေများပါတယ်။

နာမည်အတည်မပြုရသေးတဲ့ ဒီဇာတ်ကားသစ်ဟာ Hugh Jackman အတွက် ရုပ်ရှင်ဇာတ်ကားကြီးမှာ ဒီဇာတ်ကောင်အဖြစ် ၉ ကြိမ်မြောက်သရုပ်ဆောင်ခြင်းဖြစ်ပါတယ်။ David James Kelly ရဲ့ဇာတ်ညွှန်းကို James Mangold ကရိုက်ကူးမှာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Comingsoon